ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ရွေ့လျားဓါတ်ခွဲစမ်းသပ်ယာဉ်များ အသုံးပြုနိုင်မည်

ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ရွေ့လျားဓါတ်ခွဲစမ်းသပ်ယာဉ်များ အသုံးပြုနိုင်မည်
November 6, 2017 Asian Fame

2:08 pm
ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် ရွေ့လျားဓါတ်ခွဲစမ်းသပ်ယာဉ်များ အသုံးပြုနိုင်မည်

a

နေပြည်တော် နိုဝင်ဘာ (၆)
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ပြည်သူများအတွက်ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာ၊ဆေးဝါးနှင့်အလှကုန်များကို ရှောင်တခင်သွားရောက်စစ်ဆေးနိုင်မည့် mobile lab ရွေ့လျားဓါတ်ခွဲခန်းယာဉ်များကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခုလုံးရရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် (FDA)ညွှန်ကြားရေးမှုးချုပ်ဒေါက်တာသန်းထွဋ္ဋ်က” မူလက mobile lab ယာဉ်(၂)စီးဘဲရှိခဲ့ရာက ခုဘဏ္ဍာနှစ်အတွင်းမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံး တစ်နေရာကို တစ်စီးဆီ အသုံးပြုနိုင်အောင် စီစဉ်သွားပါမယ်”ဟုထည့်သွင်းပြောကြားခဲ့သည်။

FDAအနေနှင့် (၂၀၁၅)ခုနှစ်နောက်ပိုင်းမှစတင်ကာ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံတိုးမြှင့်ခြင်းများအပါအဝင် လိုအပ်သော ဓါတ်ခွဲခန်းများ၊ရုံးများကို ဆက်တိုက်တိုးချဲ့ ဆောင်ရွက်လျှက်ရှိနေသည်။
တိုင်းအဆင့် FDAရုံး(၁၄)ရုံးအပြင် ခရိုင်များအထိ အဆင့်မြင့်ဓါတ်ခွဲခန်းများပါဝင်သော ရုံး(၂၄)ရုံးကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့်မညီညွှတ်သော ထုတ်ကုန်များအားလုံးကို ဈေးကွက်အတွင်းမှ ပပျောက်စေရန်အတွက် FDAမှ စီမံချက်များနှစ်အလိုက်ရေးစွဲဆောင်ရွက်နေပြီး ပြည်သူလူထုအပိုင်းမှလည်း တက်ကြွစွာပါဝင်လာကြရန် လိုအပ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*