နှစ်ပေါင်း ၁၃၀ ကျော်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ တွ့င်း ၆ မြို့ နယ်မှ မိလ္လာစနစ်ကို ၂၀၄၀ မှာပြုပြင်မယ်

နှစ်ပေါင်း ၁၃၀ ကျော်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ တွ့င်း ၆ မြို့ နယ်မှ မိလ္လာစနစ်ကို ၂၀၄၀ မှာပြုပြင်မယ်
November 1, 2017 Asian Fame

4:09 pm
နှစ်ပေါင်း ၁၃၀ ကျော်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ တွ့င်း ၆ မြို့ နယ်မှ မိလ္လာစနစ်ကို ၂၀၄၀ မှာပြုပြင်မယ်

2(ရန်ကုန် ၊ နိုဝင်ဘာ ၁)

နှစ်ပေါင်း ၁၃၀ ကျော်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ တွ့င်း ၆ မြို့ နယ်မှ မိလ္လာစနစ်ကို ကမ္ဘာ့ဘဏ် ရဲ့အကူညီနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းရေးဆွဲပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီးမြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရေဆိုးစွန့် ပစ်မှု စနစ်ကို ပြုပြင်သွားမယ့် ဒီစီမံကိန်းကို ၂၀၄၀ ခုနှစ်အချိန်မှာပြုလုပ်မှာ ဖြစ်တယ်လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။

” JICA နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရေဆိုးသန့် စင်စက်ရုံနဲ့ ရေဆိုးထုတ်သယ်ပိုက်တွေကို ဇုန်အလိုက်ဆောင်ရွက်နိုင်ဖို့ Master Plan ရေးဆွဲပြီးပါပြီ ။ ရန်ကုန်မြို့ အတွက် ဇုန် (၁၃) ဇုန်ခွဲခြားပြီးတော့ ဇုန်(၆) ဇုန်ကို လာမယ့် ၂၀၄၀ မှာ မြို့ တွင်းမြို့ နယ်တွေအတွက် လိုအပ်တဲ့ရေဆိုးထုတ်ပိုက်တွေကို လမ်းမကြီးနဲ့ နောက်ဖေးလမ်းကြားတွေမှာ အသစ်ချ ထားဆောင်ရွက်ဖို့ နဲ့ ရေဆိုးသန့် စင်စက်ရုံတွေတိုးချဲ့ ဆောင်ရွက်ဖို့ ပထမဦးစားပေးလျာထားပါတယ်” လို့ မြို့ တော်ဝန်ကပြောပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ အတွက် လက်ရှိမှာ နိုင်ငံခြားမှ အဖွဲ့ အစည်းများ၊ ပညာရှင်များမှ ငွေကြေးအကူအညီ၊ နည်းပညာ အကူအညီရရှိဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူကဆက်ပြောပါတယ်။

ကျောက်တံတားမြို့ နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ” မြို့ တွင်း ၆ မြို့ နယ်ရှိ မိလ္လာကန်များဆယ်ယူရမှာ ၀န်ထမ်းတွေအသုံးပြုမယ့်အစား ခေတ်မီစက်ပစ္စည်းတွေနဲ့ အစားထိုးပြုလုပ်ဖို့ အစီအစဉ်ရှိမရှိနဲ့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့မိလ္လာစနစ်ကို ပိုအဆင်ပြေကောင်းမွန်အောင် ထိန်းသိမ်းဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ် ရှိပါက သိလိုကြောင်း” မေးခွန်းကို ဒီကနေ့ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ရာမှာ မြို့ တော်ဝန် ဦးမောင်မောင်စိုး က ပြန်လည်ဖြေကြားခဲ့တာပါ။

”ကျွန်မတို့ မြို့ တွင်း ၆ မြို့ နယ်က မိလ္လာစနစ်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ လောက်က လူဦးရေ ၄ သောင်းလောက်အတွက်ရည်ရွယ်ခဲ့တဲ့ မိလ္လာပြွန်စနစ်ဖြစ်ပါတယ် ။အဲဒီတော့ရှေးကတည်းကသုံးခဲ့တဲ့ ပြွန်စနစ်ဖြစ်တဲ့ အတွက်ကြောင့်မို့ လို့ ဒီနေ့ အချိန်ထိ မိလ္လာဆယ်မယ်ဆိုရင် လူဝင်ကျင်းလို့ ခေါ်တဲ့ကျင်းတွေထဲကို လူဝင်ပြီးဆယ်တာတွေ့ ရပါတယ် ကိုယ့်နိုင်ငံသား တစ်ယောက် အနေနဲ့ မိလ္လာကျင်းတွေထဲကို လူဝင်ပြီးတော့ ဆယ်ကြတာကိုမြင်ရတာ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်” လို့ ကျောက်တံတားမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ပြောပါတယ်။

ရန်ကုန်မြို့ တွင်း ၆ မြို့ နယ်မှာ လက်ရှိအသုံးပြုနေတဲ့ မိလ္လာပြွန်စနစ်ဟာ ၁၈၈၈ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*