ရန်ကုန်-ဘောနပ်ကြီး အမြန်လမ်းမိုင် ၄၀ ကို ဒေါ်လာသန်း ၁၀၀ဖြင့် ၂၀၂၀ မတိုင်ခင် အဆင့်မြှင့်မည်

ရန်ကုန်-ဘောနပ်ကြီး အမြန်လမ်းမိုင် ၄၀ ကို ဒေါ်လာသန်း ၁၀၀ဖြင့် ၂၀၂၀ မတိုင်ခင် အဆင့်မြှင့်မည်
November 1, 2017 Asian Fame

3:01 pm
ရန်ကုန်-ဘောနပ်ကြီး အမြန်လမ်းမိုင် ၄၀ ကို ဒေါ်လာသန်း ၁၀၀ဖြင့် ၂၀၂၀ မတိုင်ခင် အဆင့်မြှင့်မည်

highway(နေပြည်တော် ၊ နိုဝင်ဘာ ၁)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ရန်ကုန်မှ ဘောနပ်ကြီးအထိ အမြန်လမ်းတစ်လျှောက် မိုင် ၄၀ ကို ၂၀၂၀မတိုင်မီ အဆင့်မြင့်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းကပြောသည်။

ယခု ရန်ကုန် – မန္တလေး အမြန်လမ်းသည် နိုင်ငံတကာအဆင့်မီ လမ်းမျိုး မဟုတ်သေးသည့် အတွက်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“နိုင်ငံတကာအဆင့်မီလမ်းဖြစ်ဖို့က ၃ချက်ရှိရမယ်၊နံပါတ်၁အချက်က မြန်မြန်မောင်းနိုင်ရမယ် ၊နံပါတ်၂ အချက်က လမ်းညွှန် ဆိုင်းဘုတ်တွေအပြည့်အစုံ ရှိရမယ် ၊ နံပါတ်၃ အချက်က လုံခြုံမှုရှိရမယ် ။ အခု ADBက ငွေချေးဖို့ကမ်းလှမ်းထားတယ်၊ ချေးငွေရရင် ၂၀၂၀ မတိုင်က ပြီးစီးအောင် လုပ်သွားပါမယ်” ဟု ဦးကျော်လင်းက ပြောသည်။

ယခု ရန်ကုန် ၊ ဘောနပ်ကြီး လမ်းပိုင်းအတွက် ADB မှ ဒေါ်လာ သန်း ၁၀၀ ချေးထားပြီး နောက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း ၏ကျန်အပိုင်းများ ၊ မန္တလေး- မြစ်ကြီးနားလမ်းပိုင်း တို့ကိုလည်းဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်အထွက်တွင် ၎င်းက သတင်းမီဒီယာများကို ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*