ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်(၂)နှစ်အထိ တစ်လလျှင် ကျပ် တစ်သောင်းခွဲနှုန်း ထောက်ပံ့ခြင်းအစီအစဉ် ရခိုင်ပြည်နယ်တွင် ပြုလုပ်ရန် ပြင်ဆင်

ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်(၂)နှစ်အထိ တစ်လလျှင် ကျပ် တစ်သောင်းခွဲနှုန်း ထောက်ပံ့ခြင်းအစီအစဉ် ရခိုင်ပြည်နယ်တွင် ပြုလုပ်ရန် ပြင်ဆင်
November 1, 2017 Asian Fame

5:43 pm
ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်(၂)နှစ်အထိ တစ်လလျှင် ကျပ် တစ်သောင်းခွဲနှုန်း ထောက်ပံ့ခြင်းအစီအစဉ် ရခိုင်ပြည်နယ်တွင် ပြုလုပ်ရန် ပြင်ဆင်

23172774_1606793469382929_4169699754037489182_n

နေပြည်တော် နိုဝင်ဘာ (၁)

ရခိုင်ပြည်နယ်မှ ကလေးငယ်များအတွက် တစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးမည့်အစီအစဉ်ကိုစတင်ဆောင်ရွက်တော့မည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသိရသည်။

ယင်းအစီအစဉ်မှာ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက်(၂)နှစ်ပြည့်ချိန်အထိထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကလေးငယ်များ အဟာရဖွံ့ဖြိုးမှုရရှိစေရန်နှင့် ကျန်းမာသန်စွမ်းသော အနာဂတ်မျိုးဆက်များ ဖြစ်လာနိုင်စေရန်အတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။

“ကိုယ်ဝန်ဆောင်ချိန် ကစပြီးစစ်တမ်းတွေကောက်ယူထားပါတယ်၊စာရင်းတွေလည်းရရှိပြီးပါပြီ။ရခိုင်ပြည်နယ်ကိုမကြာခင် စတင်တော့မှာပါ။လက်ရှိချင်းပြည်နယ် ကို ထောက်ပံ့ပေးနေပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်စန်းစန်းအေးကဆိုသည်။

ယခုလိုထောက်ပံ့ပေးမှုများကို ချင်းပြည်နယ်၊ရခိုင်ပြည်နယ်များအပြင်အခြားသောဖွံ့ဖြိုးမှုနိမ့်ကျနေသည့်ဒေသများနှင့် ကိုယ်ဝန်ဆောင်မိခင်များကလေးငယ်များအတွက်အဟာရ လိုအပ်ချက်ရှိသည့်နေရာများကို ထောက်ပံ့ပေးသွားရန် စီစဉ်နေပြီးထောက်ပံ့ကြေးငွေကို
ကိုယ်ဝန်ဆောင်ချိန်မှ ကလေးအသက်(၂)နှစ်ပြည့်ချိန်အထိတစ်လလျှင်(၁၅၀၀၀)နှုန်းဖြင့် (၃)လတစ်ကြိမ် ထုတ်ယူနိုင်မည်ဟု သိရသည်။

ယခုထောက်ပံ့ကြေးငွေသည် ကလေးငယ်တစ်ဘဝလုံးစာအကူအညီမဖြစ်နိုင်သော်လည်း လိုအပ်သည့် အဟာရကို တစ်ဖက်တစ်လမ်းမှ ပြည့်ဝနိုင်စေရန် ကူညီပေးခြင်း ဟုလူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှုးချုပ်ကဆိုသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
လည်း ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ (၅)နှစ်တစ်ကြိမ်စီမံချက်များရေးဆွဲဆောင်ရွက်နေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*