အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ ထက်မနည်း သတ်မှတ်ပေးဖို့ အလုပ်သမား အဖွဲ့ ၁၃ ဖွဲ့တောင်းဆို

အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ ထက်မနည်း သတ်မှတ်ပေးဖို့ အလုပ်သမား အဖွဲ့ ၁၃ ဖွဲ့တောင်းဆို
October 31, 2017 Asian Fame

2:58 pm
အနည်းဆုံး တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ ထက်မနည်း သတ်မှတ်ပေးဖို့ အလုပ်သမား အဖွဲ့ ၁၃ ဖွဲ့တောင်းဆို

labour(ရန်ကုန် ၊ အောက်တိုဘာ ၃၁)

အနည်းဆုံး တစ်ရက် လုပ်ခကို ကျပ် ၅၆၀၀ ထက် မနည်းသတ်မှတ်ပေးဖို့ အလုပ်သမား အဖွဲ့ ၁၃ ဖွဲ့က စုပေါင်းတောင်းဆို လိုက်ပါတယ်။

လက်ရှိမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကနေ အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်ရေးနဲ့ပတ်သတ်လို့ကောက်ယူထားတဲ့စစ်တမ်းတွေမှာ တစ်ရက်ကိုအနည်းဆုံး ကျပ် ၄၀၀၀ နဲ့ ၆၄၀၀ ကြားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လွှတ်တော်အစည်းအဝေးတစ်ခုအပြီး ပြန်အထွက်မှာ အလုပ်သမားနဲ့လ၀ကပြန်ထောင်စုဝန်ကြီးက က အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၄၀၀၀ နဲ့ ၄၈၀၀ အကြားဆိုပြီး မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

ဒီအပေါ်မှာလည်း အလုပ်သမားအဖွဲ့ ၁၃ ဖွဲ့က ကန့်ကွက်ကြောင်းဆိုပါတယ်။

အခုစုပေါင်းတောင်းဆိုလိုက်တဲ့ အလုပ်သမားအဖွဲ့ ၁၃ ဖွဲ့မှာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ၂ ခုလည်းပါဝင်ပါတယ်။

လက်ရှိ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးပတ်သတ်လို့ အမျိုးသားအဆင့်ကော်မတီမှာ ဆွေးနွေးမှုတွေဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပထမအကြိမ်အနည်းဆုံးအခကြေးငွေကို ကျပ် ၃၆၀၀ သတ်မှတ်ထားခဲ့ဖူးပါတယ်။ အဲ့ဒီ ကျပ် ၃၆၀၀ သတ်မှတ်မှုဟာ သက်တမ်း ၂ နှစ်ပြည့်မြောက်ပြီဖြစ်တဲ့အတွက် အခု ဒုတိယအကြိမ် အဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*