လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့် အကျဉ်းသား ၉၄ ဦးထိရှိ

လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့် အကျဉ်းသား ၉၄ ဦးထိရှိ
October 31, 2017 Fame Asian

4:12 pm
လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့် အကျဉ်းသား ၉၄ ဦးထိရှိ

22815394_1920029544991504_3922599800578322032_n
ရန်ကုန် ၊ အောက်တိုဘာ ၃၁

လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကျဉ်းဦးစီးစာစစ်ဌာနမှ အကျဉ်းသားအကျဉ်းသူ ၉၄ ဦးဝင်ရောက်ဖြေဆိုသွားမယ်လို့ သိရပါတယ်။ ယခုဦးရေ စာရင်းဟာ အကျဉ်းဦးစီးစာစစ်ဌာနမှ ငါးနှစ်အတွင်း ၀င်ရောက်ဖြေဆိုခဲ့တဲ့ နှစ်အလိုက် အကျဉ်းသား ဦးရေထဲမှာအများဆုံးဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရသူက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ယခုနှစ်မှာ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၃၄ ဦးဝင်ရောက်ဖြေဆိုသွားမှာဖြစ်ပြီးတော့ မန္တလေးအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၆၀ ဦးဝင်ရောက်ဖြေဆိုသွားမှာဖြစ်ပါတယ်။ဝင်ရောက်ဖြေဆိုမယ့်အထဲမှာ အကျဉ်းသူ ၈ ဦးပါဝင်ပါတယ်။အင်းစိ
န်အကျဉ်းထောင်မှ ၁ ဦးနဲ့ မန္တလေးအကျဉ်းထောင်မှ ၇ ဦးတို့ ဖြစ်ပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ ပြီးခဲ့တဲ့နှစ်က အကျဉ်းသား ၉ ဦး၊အကျဉ်းသူ ၂ ဦးဝင်ရောက်ဖြေဆိုခဲ့ရာမှာ ၇ ဦးအောင်မြင်ခဲ့ပြီး အကျဉ်းသား ၄ ဦးက ဇီဝဗေဒ၊ဘောဂဗေဒ ဂုဏ်ထူးတစ်ခုစီနဲ့ အကျဉ်းသူတစ်ဦးက ဂုဏ်ထူး ၃ ခု နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ကြပါတယ်။ဂုဏ်ထူး ၃ ဘာသာပါခဲ့တဲ့ အကျဉ်းသူအပါအ၀င် မန္တလေးအိုးဘိုထောင်မှ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ကြတဲ့ အကျဉ်းသား ၄ ဦး၊ အင်းစိန်အကျဉ်းထောင်မှ ၁ ဘာသာ ဂုဏ်ထူးရ ကျောင်းသား ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့ ကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*