လိုင်စင်မဲ့ ကားများကို မီးပွိုင့်တွင် စောင့်ကြည့်ကင်မရာ များ တပ်ဆင် ဖမ်းဆီးမည်ဆိုခြင်းမှာ နည်းပညာအရ လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ကားလောကသားများဝေဖန်

လိုင်စင်မဲ့ ကားများကို မီးပွိုင့်တွင် စောင့်ကြည့်ကင်မရာ များ တပ်ဆင် ဖမ်းဆီးမည်ဆိုခြင်းမှာ နည်းပညာအရ လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ကားလောကသားများဝေဖန်
October 30, 2017 Fame Asian

5:26 pm
လိုင်စင်မဲ့ ကားများကို မီးပွိုင့်တွင် စောင့်ကြည့်ကင်မရာ များ တပ်ဆင် ဖမ်းဆီးမည်ဆိုခြင်းမှာ နည်းပညာအရ လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ကားလောကသားများဝေဖန်

22815148_1587552441288715_1958756528673563457_n

နေပြည်တော် အောက်တိုဘာ (၃၀)

ရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်များကို မီးပွိုင့်များတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်အသုံးပြုဖမ်းဆီးရန်စီစဉ်နေခြင်းမှာ နည်းပညာအရ လတ်တလောတွင် မဖြစ်နိုင်သေးကြောင်း ပြည်တွင်းကားလုပ်ငန်းရှင်များနှင့်ကားလောကအသိုင်းအဝိုင်းမှ ဝေဖန်လျှက်ရှိနေသည်။

“လက်ရှိအခြေအနေမှာမော်တော်ယာဉ်တစ်စီးကို အချက်ပြမီးပွိုင့်ကနေ တရားဝင်ဟုတ်မဟုတ်ကဘယ်လိုမှမသိနိုင်တဲ့အနေအထားဗျ၊ကားတွေမှတ်ပုံတင်ရင်(electronic system)တပ်ဆင်ထားတာမရှိဘူး၊RFIDလို စနစ်မျိုးတွေကားတွေမှာတပ်ဆင်ပြီးမှသာ ဖမ်းဆီးနိုင်မှာပါ”ဟု မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ရန်ကုန်တိုင်းအတွင်းရေးမှုး ကိုရန်မျိုးအောင်ကဆိုသည်။

ယခုလ(၂၇)ရက်နေ့တွင်ကျင်းပပြုလုပ်သော မြန်မာ့ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့်မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ(၁၁)ကြိမ်မြောက်ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လိုင်စင်မဲ့မော်တော်ယာဉ်များကို မီးပွိုင့်များတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်ပြီး ဖမ်းဆီး အရေးယူသွားမည်ဟု ပြောကြားခဲ့ခြင်းအပေါ် ကားလောကအတွင်းမှ ပြန်လည်ဝေဖန်နေကြခြင်းဖြစ်သည်။

ပြည်တွင်းရှိ မော်တော်ယာဉ်များအားလုံးတွင် ကွန်ပြုတာစနစ်သုံး Radio Frequency ID များကို အသုံးပြုတပ်ဆင်ပြီးမှသာလျှင် မီးပွိုင့်များတွင်တပ်ဆင်ထားသည့် စောင့်ကြည့်စနစ်ဖြင့် လိုင်စင်ရှိမရှိကို စစ်ဆေးနိုင်မည် ဟုသိရသည်။

လတ်ရှိတွင်လိုင်စင်မဲ့မော်တော်ယာဉ်များကို သက်ဆိုင်ရာ ယာဉ်ထိန်းများကသာ ယာဉ်ကိုရပ်တန့်စစ်ဆေးခြင်းများဖြင့် ဖမ်းဆီးနေခြင်းဖြစ်ပြီး အလိုလျောက် မှတ်တမ်းယူဖမ်းဆီးနိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း ဝါရင့်ကားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

“လုံးဝကြီးမဖြစ်နိုင်ဘူးတော့မဟုတ်ပါဘူး၊မဖြစ်သေးတာကိုပြောချင်တာပါ။ ကားတွေအားလုံးကို RFID လိုမျိုး ဒေတာဆားကစ်တွေထည့်ပေးရမယ်၊ဒါမှ မီးပွိုင့်ကင်မရာတွေကနေအလွယ်တကူဟုတ်မဟုတ် သိနိုင်မယ်၊ဒီအတိုင်းနံပါတ်ကြည့်ပြီး ဖမ်းမယ်ဆိုတာကတော့ without ကားစီးတဲ့သူတွေက ရယ်ပါလိမ့်မယ်၊နံပါတ်တူတွေ လုပ်ပြီးစီးနေကြတာအများကြီးပါ”ဟု မန္တလေးမြို့ရှိ တစ်နိုင်တစ်ပိုင်ကားဝယ်ရောင်း ကိုကျော်မင်းက ဆိုသည်။

အစိုးရသစ်၏တိုင်းဒေသကြီးအစိုးရအဖွဲ့ စတင်တာဝန်ယူချိန်မှစ၍ ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောကြပ်တည်းမှုကိုဖြေရှင်းရန် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်နေပြီးယခုရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်များကို နည်းပညာသုံး ဖမ်းဆီးရန် စီစဉ်နေခြင်းဖြစ်သည်။

မီးပွိုင့်တွင်စောင့်ကြည့်ကင်မရာများတပ်ဆင်၍ လိုင်စင်မဲ့ကားများကို ဖမ်းဆီးရန်အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်မည်ဆိုပါက ပစ္စည်းကိရိယာ၊ နည်းပညာနှင့်ကျွမ်းကျင်သူများလိုအပ်ပြီး အချိန်အတန်ကြာယူ၍ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ကားလောကအတွင်းမှသုံးသပ်ထားကြသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*