ကြက်သွန်နီဈေးများ ဆက်တိုက်မြင့်တက်နေသည့်အတွက်အသင်းမှတောင်းဆိုလာပါက ပြည်ပမှတင်သွင်းခွင့်ပြုသွားမည်

ကြက်သွန်နီဈေးများ ဆက်တိုက်မြင့်တက်နေသည့်အတွက်အသင်းမှတောင်းဆိုလာပါက ပြည်ပမှတင်သွင်းခွင့်ပြုသွားမည်
October 27, 2017 Fame Asian

11:35 am
ကြက်သွန်နီဈေးများ ဆက်တိုက်မြင့်တက်နေသည့်အတွက်အသင်းမှတောင်းဆိုလာပါက ပြည်ပမှတင်သွင်းခွင့်ပြုသွားမည်

22730351_1584443671599592_5573592241852065632_n

နေပြည်တော် အောက်တိုဘာ (၂၇)

ပြည်တွင်း ကြက်သွန်နီဈေးကွက်တွင် ဗမာကြက်သွန်နီဈေးမှာ ဆက်တိုက်မြင့်တက်လာနေသည့်အတွက် ကြက်သွန်စိုက်ပျိုးရောင်းချသူများအသင်းမှ တောင်းဆိုလာပါက ပြည်ပမှတင်သွင်းခွင့်ပြုသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

“ဈေးကွက်အနေအထားနဲ့ လက်ကျန်ဘယ်လောက်ရှိတယ်ဆိုတာက အသင်းကဘဲသိပါမယ်၊ဝန်ကြီးဌာနအနေနဲ့တော့ အသင်းတွေနဲ့ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး တင်သွင်းဖို့လိုလာပြီဆိုပြီး တောင်းဆိုလာရင်ခွင့်ပြုပေးဖို့အဆင်သင့်ပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ဆိုသည်။

ကြက်သွန်နီဈေးများမှာ ရှယ်စတစ်ပိသာလျှင် ဘုရင့်နောင်လက်ကားဈေး (၂၈၀၀)ရှိနေပြီးလက်လီဈေးမှာ (၃၂၀၀)ဝန်းကျင်အထိရှိနေသည်။

ပြည်တွင်းရှိကြက်သွန်စိုက်နောင်သူများနှင့် ကုန်သည်များအတွက်သာမက စားသုံးသူများအတွက်ပါ အဆင်ပြေစေရန်အတွက် လိုအပ်ပါက တရုတ်နိုင်ငံမှ ကြက်သွန်နီများကို တင်သွင်းခွင့်ပြုသွားရန် စီစဉ်နေသည်။

အသင်းမှတောင်းဆိုပြီးတရားဝင်တင်သွင်းခွင့်မပြုထားသော်လည်း မူဆယ်မှကြက်သွန်နီကားများတစ်ရက်လျှင်(၁၀)စီးမှအစီး(၂၀)ဝန်းကျင်အထိ ဝင်ရောက်လာနေကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

ပြည်တွင်းတွင်စိုက်ပျိုးသည့်ကြက်သွန်နီဈေးမှာတစ်ပိသာလျှင် (၂၈၀၀)ဝန်းကျင်ရှိနေသော်လည်းတရုတ်ကြက်သွန်များမှာတစ်ပိသာလျှင်(၁၆၀၀)ဝန်းကျင်ဖြင့်ဈေးကွင်အတွင်းဝင်ရောက်နေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*