တနိုင်းမြို့ အတွက် ဆန်နဲ့ စက်သုံးဆီ အကန့်အသတ် နဲ့တင်သွင်းခွင့် ပြန်လည် ရရှိ’

တနိုင်းမြို့ အတွက် ဆန်နဲ့ စက်သုံးဆီ အကန့်အသတ် နဲ့တင်သွင်းခွင့် ပြန်လည် ရရှိ’
October 27, 2017 Asian Fame

5:00 pm
တနိုင်းမြို့ အတွက် ဆန်နဲ့ စက်သုံးဆီ အကန့်အသတ် နဲ့တင်သွင်းခွင့် ပြန်လည် ရရှိ’

Tanine(တနိုင်း ၊ အောက်တိုဘာ ၂၈)

၅ လကြာ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်ခံထားရတဲ့ တနိုင်းမြို့ အတွက် ဆန်နဲ့စက်သုံးဆီ အကန့်အသတ် နဲ့သယ်ဆောင်ခွင့် ယခု ရရှိပြီဖြစ်ပါတယ်။

နိုဝင်ဘာလအတွက် ခွဲတမ်းအနေနဲ့ ဆန် ၃၅၁၅ အိတ်နဲ့ ဆီ ၂၅၂၀ ပီပါ သယ်ဆောင်ခွင့် ရရှိလိုက်တာဖြစ်တယ် လို့ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင် က ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်

ပြီးခဲ့တဲ့ ၅ လပိုင်း လလယ်လောက်မှာ တနိုင်းဒေသ အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာတဲ့အတွက် လုံခြုံရေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ တနိုင်းမြို့နယ် အတွက် လစဉ်ရရှိနေကြ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့် ခွဲတမ်းကို ပိတ်ခဲ့တာဖြစ်ပါတယ်။

တနိုင်းမြို့နယ်ကို ၀င်ရောက်တဲ့ လမ်းတွေမှာ ရှိတဲ့ ဂိတ်တွေက သယ်ဆောင်ခွင့် ကိုမပြုတော့တာဖြစ်ပါတယ်။

အခုဆန်နဲ့ ဆီခွဲတမ်း ပြန်ရတဲ့အချိန်ထိ ဆိုရင် ပိတ်ထားခဲ့တာ အချိန် ၅ လလောက်ရှိခဲ့ပါပြီ ။ ဒီပိတ်ထားတဲ့ကာလ အတွင်းမှာ တနိုင်းမြို့ဒေသခံတွေ အတွက် ဆန်အခက်အခဲ ဟာတော်တော်လေးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပေါ်ပြူလာနယူးစ် ကိုပြောထားပါတယ်။

အခုလို ဆီနဲ့ဆန် ပြန်လည်သယ်ဆောင်ခွင့် မရရှိခင်ရက်ပိုင်းက ဆိုရင် တနိုင်းမြို့နယ် မှာ ဆန်ကြမ်းနို့ဆီဗူး ဆယ်လုံး ကို ယခင် ကျပ် ၂၀၀၀ ၀န်းကျင်ကနေ ကျပ် ၃၀၀၀ ထိ ပေးဝယ်စားနေခဲ့ရတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဆန်ရှားပါးတဲ့အတွက် လိုသလောက်ဝယ်မရဖြစ်ခဲ့ရပါတယ်။

အခုပြဿနာနဲ့ ပတ်သတ်ပြီးတော့ တနိုင်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံးပြီးတော့ တင်ပြခဲ့ဖူးပါတယ်။

အခု လိုခွဲတမ်းပြန်လည်ရရှိဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ က ကြိုးစားပေးခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့(လုံခြုံရေး၊တည်ငြိမ်အေးချမ်း
ရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ)ကနေတစ်ဆင့် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တနိုင်းမြို့ကို ဆန်နဲ့ စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်ခဲ့ပြီး တစ်လအကြာမှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*