မဲဆန္ဒနယ်မြေ များသို့ ကွင်းဆင်းမှု မရှိကြတဲ့ ကိစ္စ အပါအ၀င် မောက်မာကြတာ စတဲ့ အကြောင်းအရာတွေနဲ့ တိုင်ကြတဲ့ တိုင်စာတွေ လစဉ်ပုံမှန် ရှိနေဆဲပဲလို့ NLD တိုင်ကြားစာ လက်ခံရေး ဌာနမှ ဥက္ကဌ ပြော

မဲဆန္ဒနယ်မြေ များသို့ ကွင်းဆင်းမှု မရှိကြတဲ့ ကိစ္စ အပါအ၀င် မောက်မာကြတာ စတဲ့ အကြောင်းအရာတွေနဲ့ တိုင်ကြတဲ့ တိုင်စာတွေ လစဉ်ပုံမှန် ရှိနေဆဲပဲလို့ NLD တိုင်ကြားစာ လက်ခံရေး ဌာနမှ ဥက္ကဌ ပြော
October 27, 2017 Asian Fame

4:30 pm
မဲဆန္ဒနယ်မြေ များသို့ ကွင်းဆင်းမှု မရှိကြတဲ့ ကိစ္စ အပါအ၀င် မောက်မာကြတာ စတဲ့ အကြောင်းအရာတွေနဲ့ တိုင်ကြတဲ့ တိုင်စာတွေ လစဉ်ပုံမှန် ရှိနေဆဲပဲလို့ NLD တိုင်ကြားစာ လက်ခံရေး ဌာနမှ ဥက္ကဌ ပြော

DrMyoNyunt

(ရန်ကုန် ၊ အောက်တိုဘာ ၂၈)

NLD လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းမှု မရှိကြတဲ့ ကိစ္စအပါအ၀င် မောက်မာကြတာ စတဲ့ အကြောင်းအရာတွေ နဲ့ တိုင်ကြတဲ့ တိုင်စာတွေ လစဉ်ပုံမှန်ရှိနေဆဲပဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်ကြားစာလက်ခံရေးဌာနမှ ဥက္ကဌ
ဒေါက်တာမျိုးညွှန့် ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တိုင်ကြားစာတွေဟာ တစ်လကို ၁၅ စောင်နဲ့ အစောင် ၂၀ ၀န်းကျင် ပုံမှန်တိုင်ကြားမှု ရှိနေပြီး၊ အထက်ပါကိစ္စရပ်တွေအပြင် မြို့ နယ် NLD ပါတီ အလုပ် အမှုဆောင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အကြား ဆက်ဆံရေး မပြေလည်ကြတဲ့ ကိစ္စတွေလည်း ပါတယ်လို့ သူက ဆက်ပြောပါတယ်။

” ပြည်သူတွေကြား ထဲ မဆင်းကြတာတွေ တိုင်ကြတယ်။ ကျွန်တော်တို့ ကတော့ အဂတိလိုက်စားမှုကို အဓိကစောင့်ကြည့်နေတယ် ။အခုချိန်ထိတော့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်တယ် ဆိုတာမျိုးတော့မတွေ့ ရသေးပါဘူး ။တိုင်ကြားစာတွေထဲမှာ တစ်ချို့ တိုင်တာတွေက ကျွန်တော်တို့ နဲ့ မဆိုင်ဘူး”လို့ ဒေါက်တာမျိုးညွှန့် က ရှင်းပြပါတယ်။

လက်ရှိအချိန်ထိတော့ ဧရာဝတီတိုင်းဒေသကြီးက လွှတ်တော် ကိုယ်စားလှယ်တွေက အများဆုံး တိုင်ခံနေရပြီး၊ ဧရာဝတီတိုင်းပြီးရင် စစ်ကိုင်းနဲ့ ပဲခူး ဖြစ်တယ်လို့ တိုင်ကြားစာလက်ခံရေးဌာန ကနေ သိရပါတယ်။

ဒေါက်တာမျိုးညွှန့် က ”ဧရာဝတီတိုင်းကတော့ သူတို့ ဆီမှာ အင်းလုပ်ငန်းကိစ္စတွေ မပြေလည်မှုတွေအများကြီးရှိတာကိုး။
အဲဒီတော့ ဒါကို လွှတ်တော်ကိုယ်စားလှယ် နဲ့ ဆိုင်တယ်ဆိုပြီး တိုင်ကြတာ အင်းမရတဲ့သူတွေက တိုင်ကြတာလည်းပါတာပေါ့ဗျာ” လို့ ပြောပါတယ်။

တိုင်ကြားစာလက်ခံရေးဌာနစတင်ဖွင့်လှစ်ချိန်မှ ယခုချိန်အထိ တိုင်စာ ၅၀၀ နီးပါးလာရောက်တိုင်ကြားမှုရှိနေပြီး ၂၇၀ ကျော်သာ ၎င်းတို့ နဲ့ သက်ဆိုင်တာပါဝင်တယ်လို့ သူကဆိုပါတယ်။ တိုင်ကြားစာ ၁၀ စောင်မှာ ၁ စောင်လောက်ကတော့
အရေးယူဆောင်ရွက်ခြင်းပြုရတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်ကြားစာဌာနကို တိုင်ကြားကြတဲ့ ပြည်သူများကို ဆက်သွယ်မေးမြန်းမှုပြုလုပ်ရတာကြောင့် တိုင်ကြားလိုသူများအနေနဲ့ ဖုန်းနံပတ်ထည့်ပေးစေလိုတယ်လို့ ဒေါက်တာမျိုးညွှန့် ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*