ယခုရက်ထဲ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ခဲ့ကြသည့် ကျေးရွာ ၆ရွာရှိဟု ပါတီပြောခွင့်ရသူ ဆို

ယခုရက်ထဲ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ခဲ့ကြသည့် ကျေးရွာ ၆ရွာရှိဟု ပါတီပြောခွင့်ရသူ ဆို
October 26, 2017 Asian Fame

5:06 pm
ယခုရက်ထဲ ရွာလုံးကျွတ် ပြည်ခိုင်ဖြိုး ပါတီသို့ ၀င်ခဲ့ကြသည့် ကျေးရွာ ၆ရွာရှိဟု ပါတီပြောခွင့်ရသူ ဆို

pkp1(ရန်ကုန်၊ အောက်တိုဘာ ၂၆)

ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ ကျေးရွာ ၆ ရွာက ရွာသူရွာသားတွေဟာ ယခုရက်ထဲမှာပဲ ပြည်ခိုင်ဖြိုးပါတီသို့ ရွာလုံးကျွတ်ဝင်ရောက်ခဲ့ကြတယ်လို့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

အဲဒီလိုဝင်ရောက်ခဲ့တာကြောင့် ပါတီဝင်ဦးရေ ၃၀၀၀ ကျော် တိုးလာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ပါတီဝင်လာကြတာဟာပြည်ခိုင်ဖြိုးပါတီရဲ့ နိုင်ငံ အတွင်းဆောင်ရွက်နေတဲ့ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေနားလည်သိမြင်လာကြလို့ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
pkp
” ကျွန်တော်တို့ ရှမ်းပြည်ဘက်က ပြည်သူတစ်ယောက်ကို မေးကြည့်ပါတယ်။ ဘာလို့ ပါတီဝင်တာလဲဆိုပြီးတော့။ သူက ပြောပြတယ် တစ်ချက်က ပြည်ခိုင်ဖြိုးပါတီအစိုးရဖြစ်နေတုန်းက တောင်သူလယ်သမားတွေစီးပွားရေးအဆင်ပြေတယ်။ သီးနှံဈေးတွေလည်းကောင်းတယ်။ အခုတော့ အဆင်မပြေကြဘူး ။နောက်တစ်ခုက အရင်အစိုးရလက်ထက်က တိုင်းပြည်တည်ငြိမ်အေးချမ်းတယ်တဲ့။ အခုက ညဘက်ဆို အပြင်ကောင်းကောင်းမထွက်ရဲဘူး လုတာယက်တာတွေနဲ့ ။ အဲဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကို အားပေးတယ် ထောက်ခံတယ် ။မဲနိုင်စေချင်တယ် ။အရင်အစိုးရကိုပြန်တမ်းတတယ်ပေါ့” လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌ ဦးသန်းဌေးနဲ့ ဗဟိုအလုပ်အမှုဆောင်များဟာ ယခုလအတွင်း ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှ မြို့ နယ်များ၊ကျေးရွာများကို ကွင်းဆင်းကာ ၎င်းတို့ ပါတီဝင်များနဲ့ တွေ့ ဆုံခဲ့ကြသလို ပါတီဝင်အသစ်များကိုလည်း ပါတီဝင် အဆိုပြုလွှာများပေးအပ်ခဲ့တာကို ၎င်းတို့ ပါတီရဲ့စာမျက်နှာမှာထုတ်ပြန်ထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ လက်ရှိမှာ အင်အား ၅သန်းရှိတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး နောက်ထက်ခရီးစဉ်များအနေနဲ့  ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့ ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*