မိုင်းပျဉ်းကသယ်လာတဲ့ သိန်းပေါင်း ၆၀၀၀၀ ကျော်ဖိုး မူးယစ်ဆေး ICE တွေ ကျိုင်းတုံမှာဖမ်းခံရ

မိုင်းပျဉ်းကသယ်လာတဲ့ သိန်းပေါင်း ၆၀၀၀၀ ကျော်ဖိုး မူးယစ်ဆေး ICE တွေ ကျိုင်းတုံမှာဖမ်းခံရ
October 26, 2017 Fame Asian

1:37 pm
မိုင်းပျဉ်းကသယ်လာတဲ့ သိန်းပေါင်း ၆၀၀၀၀ ကျော်ဖိုး မူးယစ်ဆေး ICE တွေ ကျိုင်းတုံမှာဖမ်းခံရ

22730323_1600564653339144_4841610500598113759_n (1)

ကျိုင်းတုံ ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်ကနေ သယ်လာတဲ့ မူးယစ်ဆေးဝါး ICE အလေးချိန် ကီလို ၂၅၀ ကို ကျိုင်းတုံမြို့အ၀င် ဘီးခွန်ကောက်တဲ့ စခန်းမှာ ရဲ့ ဖမ်းဆီးရမိလိုက်တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲတပ်ဖွဲ့ရုံးက နေသိရပါတယ်။

မူးယစ်ဆေးတွေသယ်ဆောင်လာမယ်ဆိုတဲ့သတင်းရရှိတဲ့အတွက် ဘီးခွန်ဂိတ်မှာ ရဲတပ်ဖွဲ့ကစောင့်ဖမ်းရာ အောက်တိုဘာလ (၂၅) ရက် နေ့ မနက်ပိုင်း အချိန် မှာ ICE အဖြူရောင်ပုံဆောင်ခဲတစ်ကီလိုစီပါတဲ့ အိတ်ပေါင်း(၂၅၀)ကို မော်တော်ယာဉ်နဲ့ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိပြီး ယာဉ်မောင်းကိုပါဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲတပ်ဖွဲ့ရုံး ရဲ့ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ယာဉ်မောင်းလာသူဟာ ကိုမြ၀င်း ဆိုသူဖြစ်ပြီး သူ့ရဲ့ထွက်ဆိုချက်အရ မိုင်းပျဉ်းမြို့နယ်မှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ဒေါ်နန်းရှန် ဆိုသူက မိုင်းပျဉ်းကနေ ကျိုင်းတုံ၊ ကျိုင်းတုံကနေ တာချီလိတ် သို့ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် မိုင်းပျဉ်းမြို့နယ်နေ ဒေါ်နန်းရှန် ဆိုလည်း ရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း အဆိုပါရဲအရာရှိကြီးကဆိုပါတယ်။

“ဒေါ်နန်းရှန်ကိုစစ်ဆေးလို့ရတာကတော့ သူ့ယောကျာ်းဖြစ်သူ ကျန်သေးတယ်။ ဖမ်းဆီးဖို့လုပ်နေတယ်။ ဖမ်းတော့မမိသေးဘူး။ ဒီမူးယစ်ဆေးတွေက ဒေါ်နန်းရှန်ရဲ့ ပစ္စည်းတစ်ဝက် ၊ နောက်တစ်ဝက်ပိုင်ရှင်ကျန်သေးတယ်။ သူတို့က ရဲတင်းလွန်းတယ်။ ဒီအတိုင်းမူးယစ်ဆေးတွေကို ကားနောက်ဖုံးထဲထည့်ပြီး သယ်လာတာကတော့။ သတင်းရလို့ ဖမ်းလိုက်တော့ ပမာဏကတော့များတယ်” လို့ ၎င်း ကပြောပါတယ်။

မူးယစ်ဆေးတွေရဲ့ တန်ဖိုးကတော့ ဒေသပေါက်ဈေးနဲ့တွက်ရင် တစ်ကီလိုကို သိန်း ၂၅၀ နဲ့ စုစုပေါင်း သိန်းပေါင်း ၆၂၅၀၀ လောက်ဖြစ်တယ်လို့သိရပါတယ်။

လောလောဆယ် ဖမ်းဆီးရမိထားတဲ့ သယ်ဆောင်သူ ဦးမြ၀င်းနဲ့ ထမင်းဆိုင်ဖွင့်ထားပြီးသယ်ဆောင်ခိုင်းသူပစ္စည်းပိုင်ရှင် ဒေါ်နန်းရှန်တို့ကို ကျိုင်းတုံမြို့မရဲစခန်းမှာ မူးစိတ် ပုဒ်မ၁၅/၁၉(က)/၂၀(က)/၂၁ နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*