ကားမူဝါဒ ထွက်ပေါ်လာပြီးနောက် လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် လျှောက်ထားမှု (၅)ဆကျော် မြင့်တက်လာ

ကားမူဝါဒ ထွက်ပေါ်လာပြီးနောက် လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် လျှောက်ထားမှု (၅)ဆကျော် မြင့်တက်လာ
October 26, 2017 Asian Fame

11:44 am
ကားမူဝါဒ ထွက်ပေါ်လာပြီးနောက် လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် လျှောက်ထားမှု (၅)ဆကျော် မြင့်တက်လာ

1(နေပြည်တော်၊ အောက်တိုဘာ ၂၆)

၂၀၁၈ ခုနှစ် အတွက် ကားတင်သွင်းခွင့် မူဝါဒ တရားဝင်ထွက်ပေါ်လာပြီးနောက် ကုန်သွယ်ရေး ဦးစီးဌာနတွင် လူတစ်ဦးချင်း ဖရီးပါမစ်ဖြင့် လျှောက်ထားမှု လွန်စွာမြင့်တက်လာ လျှက်ရှိနေသည်။

“ကားမူဝါဒမထွက်ခင်က တနေ့ကို (၁၀)ယောက်လောက်တောင် ဖရီးပါမစ်က မရှိပါဘူး၊ ခုမူဝါဒလည်း ထွက်ပြီးရော တနေ့ကို လူအယောက်(၅၀)မကဘူး လာလျှောက်ကြတယ်”ဟု ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုနှစ် အတွင်း ဖရီးပါမစ်ဖြင့်လျှောက်ထားပါက (၂၀၁၅၊၂၀၁၆၊၂၀၁၇)မော်ဒယ် ဘယ်မောင်း အမျိုးအစားများ တင်သွင်းနိုင်ကြမှာဖြစ်ပြီး လာမည့်နှစ် တွင် (၂၀၁၅/၂၀၁၆) ဘယ်မောင်းကားများမှာ စလစ်ကပ်မှသာ တင်သွင်းခွင့်ရတော့မည် ဖြစ်သဖြင့် ယခုနှစ် အတွင်း ဖရီးပါမစ်ဖြင့် လာရောက် လျှောက်ထားနေကြခြင်း ဖြစ်သည်။ ယခုနှစ် အတွက် ဖရီးပါမစ်ဖြင့် ကားတင်သွင်းခွင့် လျှောက်လွှာများကို ဒီဇင်ဘာလ(၁၅)ရက်နေ့ အထိ လက်ခံဆောင်ရွက် ပေးသွားမည်ဟု ကုန်သွယ်ရေး ဦးစီးဌာန မှကြေညာထားသည်။

ဖရီးပါမစ်ဖြင့် သတ်မှတ်ချက် အရ လူတစ်ဦးလျှင် ကားတစ်စီးနှုန်း တင်သွင်းခွင့်ရှိပြီး မှတ်ပုံတင် သန်းခေါင်စာရင်းမူရင်းဖြင့် လူကိုယ်တိုင်လာရောက် လျှောက်ထားရန် လိုအပ်သည်။ ရန်ကုန် လိုင်စင်ဖြင့် ကားတင်သွင်းခွင့် ပိတ်ထားပြီးနောက် နယ် သန်းခေါင်းစာရင်း များဖြင့် ဖရီးပါမစ်များကို လာရောက် လျှောက်ထားနေကြခြင်း ဖြစ်သည်။

အောင်ပြည့်စုံ 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*