အလွန်နည်းပါးတဲ့ နှုန်းထားတဲ့ ငှားရမ်းထားတဲ့ စာချုပ် စာတမ်းတွေကို ပြင်ဆင်ချုပ်ဆိုဖို့ အဆို ပဲခူးလွှတ်တော်မှာ ဆွေးနွေးတော့မည်

အလွန်နည်းပါးတဲ့ နှုန်းထားတဲ့ ငှားရမ်းထားတဲ့ စာချုပ် စာတမ်းတွေကို ပြင်ဆင်ချုပ်ဆိုဖို့ အဆို ပဲခူးလွှတ်တော်မှာ ဆွေးနွေးတော့မည်
October 25, 2017 Asian Fame

4:49 pm
အလွန်နည်းပါးတဲ့ နှုန်းထားတဲ့ ငှားရမ်းထားတဲ့ စာချုပ် စာတမ်းတွေကို ပြင်ဆင်ချုပ်ဆိုဖို့ အဆို ပဲခူးလွှတ်တော်မှာ ဆွေးနွေးတော့မည်

Bago(ရန်ကုန်၊ အောက်တိုဘာ ၂၅)

ပဲခူးတိုင်းအတွင်းက အစိုးရပိုင်တဲ့ သိုလှောင်ရုံများ၊စက်ရုံများနဲ့ စိုက်ပျိုးရေးခြံများကို အရင်အစိုးရလက်ထက်က အလွန်နည်းပါးတဲ့နှုန်းထားနဲ့ ပုဂ္ဂလိကသို့ နှစ် (၃၀) စာချုပ်နဲ့ ဌားရမ်းထားခဲ့တယ်လို့ ပဲခူးမြို့ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား
လှယ် ဦးညွှန့်ရွှေက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

ဒါဟာ ပဲခူးတိုင်းဒေသကြီးအတွက် အလွန်နစ်နာရတာမို့ ပြင်ဆင်ချုပ်ဆိုလို့ ရတဲ့စာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုပေးဖို့ ဆိုပြီး တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်းအဆိုတစ်ခုကို မနေ့ က ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ အဌမပုံမှန်အစည်းအဝေး ၂ ရက်မြောက်နေ့ မှာ တင်သွင်းခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းလယ်ယာစိုက်ပျိုးရေးဦးစီးဌာနပိုင်၊ သိုလှောင်ရုံများ၊ စက်ရုံများ၊ စိုက်ပျိုးရေးခြံတွေကို ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများထံသို့ (B.O.T) စနစ်နဲ့ နှစ်၃၀ စာချုပ်လွှဲပြောင်းဌားရမ်းခဲ့ရာမှာ အလွန်တရာနိမ့်ကျတဲ့နှုန်းထ
ားနဲ့ ပုဂ္ဂလိကအကျိုးကိုကြည့်ပြီး ဌားရမ်းခဲ့တာဖြစ်တာကြောင့် တိုင်းအစိုးရအနေနဲ့ ပြင်ဆင်ချုပ်ဆိုလို့ ရတဲ့စာချုပ်ကို ပြင်ချုပ်ဖို့ နဲ့ ပြည်ထောင်စုအစိုးရအဆင့်ကမှ စာချုပ်ကိုပြင်ဆင်ချုပ်ဆိုလို့ ရမယ်ဆိုရင်လည်း ပြည်ထောင်စုအစိုးရကို တင်ပြတောင်းဆိုပေးဖို့ အဆိုကိုတင်
သွင်းခဲ့တယ်လို့ အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးညွှန့် ရွှေကပြောပါတယ်။ ချုပ်ဆိုထားတဲ့စာချုပ်အားလုံးမှ တစ်နှစ်ကို ဌားရမ်းခ သိန်း ၇၉၀၀ ၀န်းကျင်ရရှိနေပြီး ကာလပေါက်ဈေးနဲ့ သာဆိုရင် ဒီထက်အဆ ၂၀ ကျော်ရရှိနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

”ပဲခူးမြို့ က ဟင်္သာကုန်းဘုရားလမ်းဘက်က ဂိုထောင်ကြီး ၆ လုံးဆိုလည်း ပေ ၅၀ ပေ ၁၅၀ လောက်ရှိတယ်။ တစ်လုံးကို တစ်လ ငါးသောင်းအောက်နဲ့ ဌားရမ်းထားတယ်။ အဲဒီရှေ့ က ပေ ၂၀ ပေ ၄၀ အိမ်လေးတောင် ၁၀ သိန်းဝန်းကျင် ကာလပေါက်ဈေးပေးရတဲ့ဟာကို
အခုနှုန်းထားတွေက တော်တော်လေးအောက်ဈေးနဲ့ ဌားထားတာဖြစ်နေတယ်။ ပဲခူး- ရန်ကုန် လမ်းနားက ၁၀ မိုင်ခြံတွေ၊ ပျိုးဥယျာဉ်ခြံတွေဆိုရင်လည်း အကုန်လုံးကိုဌားထားတာပဲ တစ်ဧက တစ်သောင်းနှုန်းလောက်တွေနဲ့ ။ ရေတာရှည်ဘက်က ကြံစိုက်ဧက ၂၀၉၅ ဧ
ကကိုလည်း တစ်နှစ် သိန်း ၆၀ နဲ့ ဌားထားတယ်။ ဒါတွေကို ပြင်ဆင်သုံးသပ်ပြီး ခေတ်ကာလပေါက်ဈေးအတိုင်း စာချုပ်ချုပ်ဆိုနိုင်ရင် ၀င်ငွေတိုးမှာ နိုင်ငံတော်ပဲ။ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ပိုမိုဆောင်ရွက်နိုင်မယ်” လို့ ဦးညွှန့် ရွှေကပြောပါတယ်။

ယင်းအဆိုကို လာမယ့် အောက်တိုဘာလ ၂၈ ရက်နေ့ မှာကျင်းပမယ့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*