မူဆယ်မြို့တွင် လေယာဉ်ကွင်းသစ် ဆောက်လုပ်ပေးမည်

မူဆယ်မြို့တွင် လေယာဉ်ကွင်းသစ် ဆောက်လုပ်ပေးမည်
October 25, 2017 Asian Fame

5:24 pm
မူဆယ်မြို့တွင် လေယာဉ်ကွင်းသစ် ဆောက်လုပ်ပေးမည်

muse(နေပြည်တော်၊အောက်တိုဘာ ၂၅)

ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစိုးရသစ်က မူဆယ်မြို့တွင် လေယာဉ်ကွင်း တည်ဆောက်ပေးရန်ရှိကြောင်း ထည့်သွင်းပြောဆိုသွားသည်။

လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး မေးမြန်းသော မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့များဖြစ်သော မူဆယ်နှင့် မြ၀တီမြို့များတွင် လေယာဉ်ကွင်းဆောက်လုပ်ရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုး က ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက ” နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော မြို့တစ်မြို့ဖြစ်သည့် မူဆယ်မြို့အတွက် လေယာဉ်ကွင်းအသစ်ကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၁-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၇) သို့ တင်ပြခဲ့ရာ မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါသဖြင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောသည်။

မြဝတီမြို့တွင်မူ လေယာဉ်ကွင်းဟောင်းမြေနေရာ မရှိသည့်အပြင် လေယာဉ်ကွင်းတည်ဆောက်ရန် မြေနေရာရှာဖွေဆောင်ရွက်ထားမှုလည်း မရှိပါသဖြင့် လေယာဉ်ကွင်းသစ် တည်ဆောက်မည်ဆိုလျှင် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် သင့်တော်ပြီး လုံလောက်သည့် မြေနေရာကို ကွင်းဆင်း ရှာဖွေရွေးချယ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ အနာဂတ် အစီအစဉ်အရ မြဝတီမြို့တွင် လေယာဉ်ကွင်းသစ် ဖောက်လုပ်ရန် ယခုအချိန်တွင် စီစဉ် လျာထားမှု မရှိပါကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*