အခြေခံပညာဦးစီးဌာနမှ ဆရာ/မ ၄ သိန်းခန့်ကို ၀န်ကြီးဌာနဘတ်ဂျက်ဖြင့် ကျောင်းဝတ်စုံထောက်ပံ့မည်

အခြေခံပညာဦးစီးဌာနမှ ဆရာ/မ ၄ သိန်းခန့်ကို ၀န်ကြီးဌာနဘတ်ဂျက်ဖြင့် ကျောင်းဝတ်စုံထောက်ပံ့မည်
October 24, 2017 Fame Asian

11:18 am
အခြေခံပညာဦးစီးဌာနမှ ဆရာ/မ ၄ သိန်းခန့်ကို ၀န်ကြီးဌာနဘတ်ဂျက်ဖြင့် ကျောင်းဝတ်စုံထောက်ပံ့မည်

22555023_1975779989342238_2367225050833911748_n

ရန်ကုန်၊ အောက်တိုဘာ ၂၄

တစ်နိုင်ငံလုံးရှိ အခြေခံပညာဦးစီးဌာနတွေမှာရှိတဲ့ ဆရာ/ဆရာမ ၄သိန်းနီးပါးကို ကျောင်းဝတ်စုံ(ပုဆိုး/လုံခြည်) တွေ အောက်တိုဘာလနောက်ဆုံးထားပြီး အခမဲ့ထောက်ပံ့ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုင်းဒေသကြီး ၇ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေမှ အခြေခံပညာဆရာ/ဆရာမ ၂သိန်း၈သောင်းကျော်နဲ့ ပြည်နယ်၇ ခုမှ အခြေခံပညာ ဆရာ/ဆရာမ ၁ သိန်း ၁ သောင်း ၈ ထောင်တို့ ကို ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်နဲ့ အခုလိုထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးကပြောပါတယ်။

အပြင်မှာ သတင်းတွေပျံ့နှံ့နေသလို ဆရာ /မတွေ ကိုယ်ပိုင်ငွေကြေးဖြင့်ဝယ်ယူရမှာမဟုတ်ဘဲ ၊ အခမဲ့ရရှိကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။

” ဆရာ ဆရာမတွေအတွက် အကျီကတော့ ပိတ်စဖြစ်ဖြစ် ပိုက်ဆံဖြစ်ဖြစ်ပေးဖို့ များပါတယ်။ ဆရာမတွေအတွက် ထဘီကိုလည်း ပိတ်စနဲ့ အထက်ဆင်စပေးပါမယ် ။ လုံခြည်ကိုတော့ ကျွန်တော်တို့  စက်မှုဝန်ကြီးဌာန ၁ က မှာယူထားပါတယ်” လို့ သူကပြောပါတယ်။

ဒီထောက်ပံ့မှုမှာ အခြေခံပညာဆရာ ဆရာမများသာမကဘဲ အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်းများမှ သင်ကြားရေးဝန်ထမ်း (၁၁၄) ဦးတို့ ကိုပါ ထည့်သွင်းထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PN-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*