ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေ(မူကြမ်း) တိုင်းလွှတ်တော်သို့ ယနေ့ တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေ(မူကြမ်း) တိုင်းလွှတ်တော်သို့ ယနေ့ တင်သွင်း
October 19, 2017 Asian Fame

3:29 pm
ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေ(မူကြမ်း) တိုင်းလွှတ်တော်သို့ ယနေ့ တင်သွင်း

hluttaw(ရန်ကုန်၊ အောက်တိုဘာ ၁၉)

မီးဘေး အပါအ၀င်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဥပဒေ(မူကြမ်း) ကို ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းလွှတ်တော် လူမှုရေးနဲ့ စီမံခန့် ခွဲရေးကော်မတီက တင်သွင်းလိုက်ပါတယ်။ တင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းသာ
အတည်ပြုနိုင်ခဲ့ရင် ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရယ်ကျရောက်လာတဲ့အခါ ဌာနချင်းချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာမှာဖြစ်တယ်လို့ လူမှုရေးနဲ့ စီမံခန့် ခွဲရေးကော်မတီအဖွဲ့ ဝင် မင်္ဂလာတောင်ညွှန့် မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကေ
ပြာပါတယ်။

”ဒီဥပဒေသာ အတည်ဖြစ်ခဲ့ရင် ဒီလုပ်ငန်းလုပ်ဆောင်နေတဲ့အဖွဲ့ အစည်းတွေအားလုံးဟာ ချိတ်ဆက်မိသွားမယ် ဒီအဖွဲ့ အစည်းတွေမှာပါဝင်နေတဲ့လူတွေကလည်း ဒီကော်မတီထဲမှာ ပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းတစ်ခုဖြစ်လာလို့ ရှိရင် တစ်ပြိုင်နက်တည်းေ
ဆာင်ရွက်ရမယ် ဥပမာ မီးဆိုရင် ငြှိမ်းသတ်ရမယ့်လုပ်ငန်းပါမယ် ဒုက္ခသည်တွေကို နေရာချထားရေးတွေပါမယ် သူတို့ အတွက် ကူညီထောက်ပံ့ရေးတွေပါမယ် ပြီးတော့ ပိုအရေးကြီးတာက မီးဘေးမှာပါသွားတဲ့ မှတ်ပုံတင်တို့ ပုံစံ ၆၆ တို့ ရှိလာရင် ပြန်လည်ထုတ်ပေးနိုင်
အောင်ပါ ဒီဥပဒေမှာ ပြင်ဆင်ထားတယ်” လို့ သူကဆိုပါတယ်။

ဒီကနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်ကျွမ်းမှုမှာဆိုရင် လုပ်ငန်းဆောင်ရွက်မှုမှာ ဌာနဆိုင်ရာချင်းချိတ်ဆက်မှု အားနည်းခဲ့တယ်လို့ လည်းသူကဆက်ပြောပါတယ်။

“ဒီနေ့ မနက်ဆိုဖြစ်တာဆို ဌာနချင်းချိတ်ဆက်ဆောင်ရွက်မှုတော်တေ
ာ်အားနည်းတယ် ကျွန်တော့်ဧရိယာထဲမှာပါပဲ ကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိပြီးတော့ တစ်မနက်လုံးသွားပြီးတော့ လိုအပ်တာတွေဆောင်ရွက်ပေးပါတယ် သို့ သော်လည်း ဌာနဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ကိုယ့်ရဲ့ကျွမ်းကျင်ရာနဲပဲဆောင်ရွ
က်နေတာရှိတယ် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ၊ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ဆောင်ရွက်နေတာမျိုးမရှိဘူး အလျင်းသင့်သလို လုပ်ဆောင်နေရသလိုဖြစ်နေတယ်” လို့ ဦးလှဌေးကဆိုပါတယ်။

တင်သွင်းလိုက်တဲ့ဥပဒေမူကြမ်းမှာ အခန်း(၈)ခန်းပါရှိပြီး မီးဘေး၊သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် မီးဘေး၊သဘာဝဘေးအန္တရာယ်ကျရောက်နေစဉ် တာဝန်ထမ်းဆောင်နေတဲ့ ကေ
ာ်မတီဝင်တစ်ဦးကိုဖြစ်စေ၊ ကော်မတီအဆင့်ဆင့်မှ တာဝန်ထမ်းဆောင်နေတဲ့သူကိုဖြစ်စေ၊ လုပ်ငန်းသုံးစက်ယန္တရားကိုဖြစ်စေ နှောက်ယှက်ဟန့် တားတဲ့ မည်သူကိုမဆို ထောင်ဒဏ်၊ငွေဒဏ်များကျခံစေရမယ်ဆိုတဲ့ အချက်တွေလည်းပါရှိတယ်လို့ လွှတ်တော်လူမှုရေးနဲ့ စီ
မံခန့် ခွဲရေးကော်မတီကဆိုပါတယ်။

ဒီဥပဒေကို ဆွေးနွေးအတည်ပြုသင့်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းလိုအပ်နေတဲ့ဥပဒေတစ်ရပ်ဖြစ်တယ်လို့ သင်္ကန်းကျွန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အဆိုကိုထောက်ခံပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ် ဦးစီးဌာန၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှု
ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မိုးလေ၀ဿနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီ ၊သူနာပြုတပ်ဖွဲ့ များဟာ
ဒီဥပဒေနဲ့ သက်ဆိုင်ပြီး ယင်းအဖွဲ့ အစည်းများနဲ့ တွေ့ ဆုံရေးဆွဲထားတယ်လို့ ဆိုပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*