မိုင်းအန္တရာယ်ရှိသည့် ဒေသအဖြစ် ရခိုင်ပြည်နယ်ကို ယခုနှစ်တွင် စတင် ထည့်သွင်းသတ်မှတ်

မိုင်းအန္တရာယ်ရှိသည့် ဒေသအဖြစ် ရခိုင်ပြည်နယ်ကို ယခုနှစ်တွင် စတင် ထည့်သွင်းသတ်မှတ်
October 19, 2017 Asian Fame

12:14 pm
မိုင်းအန္တရာယ်ရှိသည့် ဒေသအဖြစ် ရခိုင်ပြည်နယ်ကို ယခုနှစ်တွင် စတင် ထည့်သွင်းသတ်မှတ်

Rakhineနေပြည်တော် အောက်တိုဘာ ၁၉

ပဋ္ဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် မိုင်းအန္တရာယ်ရှိသည့်ဒေသအဖြစ် ရခိုင်ပြည်နယ်ကိုပါ ယခုနှစ်တွင် စတင်ထည့်သွင်းသတ်မှတ်ခဲ့ပြီး မိုင်းအသိပညာပေးလုပ်ငန်းစဉ်များ ကိုစတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ပဋ္ဋိပက္ခဖြစ်စဉ်တွေဖြစ်ပွားပြီးတဲ့နောက်မှာ မိုင်းတွေကျန်နေမလား၊ မိုင်းအန္တရာယ်ကို ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာတွေ အသိပညာပေးတာတွေ၊ကိုဒီနှစ်မှာစလုပ်ပါမယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆက်အောင် ကဆိုသည်။

ယခုနှစ်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း၊ပေါက်ကွဲစေတတ်သည့်စစ်လက်နှက်အကြွင်းအကျန်များနှင့်ဒေသန္တရလက်လုပ်မိုင်းများအန္တရယ်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်စုစုပေါင်း(၉)ခုရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

မိုင်းအန္တရာယ်ရှိသည့်ဒေသများအဖြစ်သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း၊စစ်ကိုင်း၊ပဲခူးတိုင်းတို့ကိုသတ်မှတ်ထားပြီး အသိပညာပေးခြင်းနှင့် မိုင်းရှာဖွေရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်းသိရသည်။

ယခုနှစ် စက်တင်ဘာလကုန်အထိ မိုင်းအန္တရာယ်ကြောင့်သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီးစစ်တမ်းများအရ (၃)ရက်လျှင် ကလေး(၂)ဦးနှုန်းခန့် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒါဏ်ရာရမှုများရှိနေကြောင်း သိရသည်။ထို့အပြင် မြေမြုပ်မိုင်း၊လက်လုပ်မိုင်းအန္တရာယ်များကို ပြည်တွင်းရှိ ကလေးငယ်(၄)ယောက်တွင်(၃)ယောက်က မသိရှိကြကြောင်း စစ်တမ်းများက ထုတ်ပြန်ထားသည်။

အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*