ဦးဖြိုးကိုကိုတင့်ဆန်း အမှု မှာ လက်ရှိ အချိန်ထိ သေနတ် ၂၁ လက် နဲ့ လူ ၁၂ ဦးကို ဖမ်းမိထားဟု ပြည်ထဲရေး ဒုတိယ၀န်ကြီးပြော

ဦးဖြိုးကိုကိုတင့်ဆန်း အမှု မှာ လက်ရှိ အချိန်ထိ သေနတ် ၂၁ လက် နဲ့ လူ ၁၂ ဦးကို ဖမ်းမိထားဟု ပြည်ထဲရေး ဒုတိယ၀န်ကြီးပြော
October 17, 2017 Asian Fame

4:59 pm
ဦးဖြိုးကိုကိုတင့်ဆန်း အမှု မှာ လက်ရှိ အချိန်ထိ သေနတ် ၂၁ လက် နဲ့ လူ ၁၂ ဦးကို ဖမ်းမိထားဟု ပြည်ထဲရေး ဒုတိယ၀န်ကြီးပြော

PKKTS(ရန်ကုန် ၊ အောက်တိုဘာ ၁၇)

အားကစားဝန်ကြီးဟောင်းရဲ့သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အပေါင်းအပါ ၂ ဦးကို လက်နက်တွေနဲ့အတူ နေပြည်တော်လေဆိပ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး အခုအချိန်ထိ စုစုပေါင်း သေနတ် ၂၁ လက်နဲ့ တရားခံ ၁၂ ယောက်ကို ဖမ်းဆီးထားပြီဖြစ်ပါတယ်။
ဒါ့အပြင် ဆက်စပ်တရားခံတွေ ရှိနေသေးတာကြောင့်ဆက်လက်ဖော်ထုတ်ဖမ်းဆီးနေတယ်လို့လည်း ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညက လယ်ဝေးမြို့နယ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ MNA လေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ကိုလိုက်ပါမယ့် ခရီးသည် ဦးဖြိုးကိုကိုတင့်ဆန်း၊ (၄၁)နှစ်၊ (ဘ)ဦးတင့်ဆန်း၊ ACE ကုမ္ပဏီဥက္ကဌ၊ ACE ဟိုတယ်၊
ဒက္ခိဏသီရိမြို့နယ်၊ ကိုဇော်ဝင်းထိုက်၊ (၃၈)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးအောင်ဝင်း၊ ACE ဟိုတယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ ကိုရဲမင်းဆွေ၊ (၃၇)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးသိန်းဆွေ (လိပ်စာတူ)တို့ (၃)ဦးတို့ရဲ့ ခရီးဆောင်အိတ်တွေအတွင်းကနေ
WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို (၂)လက် (သေနတ် နံပါတ် RPE-204၊ URS-352)၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး(Wind Talker တရုတ်နိုင်ငံထုတ် ၁၊
KENWOOD တရုတ်နိုင်ငံ ထုတ် ၁၊ YAESU ဂျပန်နိုင်ငံထုတ် ၁)၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊
Wifi လွှင့်ပြီး အသုံးပြုရတဲ့စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံး ၊ သူတို့စီးနင်းလာတဲ့ YGN-×××× HUMMER ယာဉ်(၁)စီး(ယာဉ်လိုင်စင် စိစစ်ဆဲ)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအတွက် သူတို့ ၃ ဦးကို အေလာနယ်မြေ ရဲစခန်းမှာ မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁နဲ့ အ မှုဖွင့်ခဲ့ပါတယ်။

PKKTS1

ဆက်စပ်ပြီး သူတို့ ၃ ဦးတည်းခိုတဲ့ ဟိုတယ် ACE ကိုဝင်ရောက်ရှာဖွေရာ H-1အခန်း (ဦးဖြိုးကိုကိုတင့်ဆန်းရဲ့အခန်း)ရှိ သံဘီဒိုအတွင်းကနေ လက်ဆွဲအိတ်(၂)လုံး၊ နံပါတ် G045619၊ P.22 Walther ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် DAA 490066 Beretter.22 ပစ္စတို(၁)လက် (ကျည်အိမ်တပ်)၊ နံပါတ် A270651 Luger Cz 75D ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် PX 32726 Beretter 9MM ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် 333-54070 Ruger 9MM Prescott Az ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ ပေါင်းပစ္စတို(၅)လက်၊ 9MM Luger ကျည်(၆၃၈)တောင့်၊ M16 ကျည်(၂၀)တောင့်၊ ၎င်းကျည်အိမ်(၂)ခု၊ 7.65 MM(32 Auto)ကျည် (၁၃၆)တောင့်၊ .22ကျည်(၁၀) တောင့်၊ ကျည်အိမ်အလွတ်(၇)ခု(ရောရာ)၊ M16 လက်ကိုင်ကွင်း(၁)ခု၊ ပစ္စတိုအိတ်အနက်ရောင် (၅)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက်တို့တွေ့ရှိပြီး JS004 အခန်း (ရဲမင်းဆွေနဲ့ဇော်ဝင်းထိုက်တို့နေတဲ့အခန်း)ကနေ လက်ဆွဲအိတ်(၃)လုံး၊ LLB-170 9MM Glock ပစ္စတို(၁)လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၁၂)တောင့်၊ Glock Ges.M.b.H ပစ္စတို(၁) လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၄)တောင့်တို့ကို ဖမ်းဆိးရမိခဲ့ပါတယ်။ ဒီအတွက် သူတို့ ၃ ဦးကို ဒက္ခိဏမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာလည်း သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ရှုခင်းသာလမ်း မ/၂၀၀ရှိ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက်အဦးကို ဝင်ရောက်ရှာဖွေခဲ့ရာ နေပြည်တော်FC ဘောလုံးအသင်း မန်နေဂျာ ကိုဖြိုးဘိုဘို၊ (၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးဆန်းဦးစိုး၊ (၃၉)လမ်း၊ အလယ်ဘလောက်၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ နေပြည်တော်ရှိ ACE ဟိုတယ် လက်ထောက်မန်နေဂျာ ကိုစိုးမြင့်ကျော်၊ လုံခြုံရေးဝန်ထမ်း ဦးသန်းဌေးနဲ့ဟိုတယ်စားပွဲထိုး ကိုငြိမ်းချမ်းအောင်တို့ကို တွေ့ရှိပြီး (၇)လွှာမှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့အိပ်ခန်းအတွင်းကနေ သေနတ်ထည့် အိတ်(၁)အိတ်၊ စနိုက်ပါ မှန်ပြောင်း(၁)ခု၊ အရှည်(၁၅)လက်မခန့်ရှိ သေနတ်ပြောင်း(၁)ခု၊ စပရိန်ပါ လက်နက်ငယ် မောင်းတုံး (၁)ခု၊ နှစ်အိတ်တွဲ ကျည်ကပ်အသေးထည့်အိတ်(၁)ခု၊ ကော်နဲ့ပြုလုပ်ထားတဲ့ ကျည်အိမ်ထည့်အိတ် (၂ခုတွဲ)(၂)ခု၊ လက်ကိုင်စကားပြောစက် (၈)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)ခု၊ Drone(၅)ခုနဲ့ ၄င်းတို့ကို မောင်းနှင်တဲ့ ကိရိယာ(၁)ခု၊ ရေချိုးခန်းအတွင်းကနေ WYစာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ၊ သံဘောစေ့ (၁၀၀)ပါ (၁)ဗူး၊ ၉ မမကျည်(၂)တောင့်၊ အိမ်သာခန်း မျက်နှာကျက်ပေါ်မှာ သိမ်းဆည်းထားတဲ့ M-16 သေနတ်(၁)လက်(မောင်းတုံးမပါ)၊ သံဘောစေ့နဲ့ပစ်ခတ်ရတဲ့ M-4 ကာဘိုင် ပုံစံသေနတ်(၁)လက်နဲ့ ဘောစေ့ထည့်ရတဲ့ ကျည်အိမ်(၁)ခုတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအတွက် ဦးဖြိုးကိုကိုတင့်ဆန်း၊ ကိုဖြိုးဘိုဘိုတို့(၂)ဦး(ဖမ်းမိ) စုစုပေါင်း ၃ ဦးကို သာကေတနယ်မြေရဲစခန်းမှာ မယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။

ထပ်မံပြီး ဆက်စပ်တဲ့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)ရှိ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်ကို ရှာဖွေရာမှာ ၅.၅၆ကျည် (၃)တောင့်၊ ဦးဖြိုးကိုကိုတင့်ဆန်း အမည်နဲ့ နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ(၁)စုံ၊ နိုင်ငံတော်တံဆိပ်နဲ့ အရိုးခေါင်းလက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၂)လက်(တို ၁၊ ရှည် ၁)၊ စစ်စိမ်းရောင် သံလိုက် အိမ်မြှောင် (၁)ခု၊ လက်ကိုင်စကားပြော စက်(၁)လုံး၊သေနတ်ချိန်သီး(၁)ခု၊ကျည်ကာအင်္ကျီ(၂)ထည်၊ ကျည်အိမ်ထည့်အိတ်(၄ခုတွဲ)(၁)ခု၊ အနက်ရောင် လက်ကိုင်အိတ်(၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE လို့ယူဆရတဲ့ အမှုန့်တွေ ကပ်နေတဲ့ ကပ်ခွာအိတ်(၁)ခု၊ ခဲပြား(၉)ခုနဲ့ မီးခြစ်(၃)လုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာမှာအသုံးပြုတဲ့ ရေသန့်ဗူး/ဖန်ပုလင်း(၃)လုံးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီအတွက် ဦးဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ)ကို ဗဟန်းမြို့မရဲစခန်းမှာ မယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)နဲ့ ထပ်မံအမှုဖွင့် ခဲ့ပါတယ်။

ထပ်မံပြီး နေပြည်တော်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ဟိုတယ် ACE အခန်းအမှတ် (H-1)အခန်းအတွင်းကနေ မန်မိုရီစတစ်(၄)ချောင်း၊ ဟာ့ဒစ်(၁)ခု၊ ကွန်ပျူတာ System ပုံး(၃)ပုံး၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝိုင်ဖိုင်လွှင့်စက်(၁)လုံး၊X5R Reader (၁)လုံး၊ အသံဖမ်းစက်(၁)လုံးတို့ကို တွေ့ရှိပြီး ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*