ရွှေကိုမလို ၊ရေကိုသာလိုသည့် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသများအတွက် မြေအောက်ရေအခြေအနေဆိုင်ရာ သုတေသနစာအုပ် ကိုစတင်မိတ်ဆက်

ရွှေကိုမလို ၊ရေကိုသာလိုသည့် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသများအတွက် မြေအောက်ရေအခြေအနေဆိုင်ရာ သုတေသနစာအုပ် ကိုစတင်မိတ်ဆက်
October 17, 2017 Fame Asian

12:33 pm
ရွှေကိုမလို ၊ရေကိုသာလိုသည့် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသများအတွက် မြေအောက်ရေအခြေအနေဆိုင်ရာ သုတေသနစာအုပ် ကိုစတင်မိတ်ဆက်

22490012_1832311673696473_3768038543692301073_n

နေပြည်တော် အောက်တိုဘာ ၁၇

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သည့် မကွေးတိုင်း၊မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းဒေသများအတွက် မြေအောက်ရေအခြေအနေများကို သုတေသနပြုရေးသားထားသည့် စာအုပ်ကို ယနေ့စတင်မိတ်ဆက်လိုက်သည်။

အဆိုပါစာအုပ်ကို (၁၉၈၆)ခုနှစ်မှစတင်ရေးသားခဲ့ခြင်းဖြစ်ပြီး(၁၉၈၈)ခုနှစ်တွင် အခြေနေအရပ်ရပ်ကြောင့် သုတေသနပြုမှုများကို ရပ်ဆိုင်းခဲ့ကာ (၂၀၁၆)ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပြီး ယခု(၂၀၁၇)ခုနှစ်တွင် စတင်မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။စတင် ရေးသားခဲ့ချိန်မှစပြီး ထုတ်ဝေနိုင်သည့်အချိန်အထိ နှစ်ပေါင်း(၃၀)ကျော် ကြာမြင့်ခဲ့သည်။

“စာအုပ်မှာပါတဲ့ အချက်အလက်တွေက ရေတွင်းတူးမယ့်သူတွေအတွက် ရေထွက်နိုင်မှုအခြေအနေ ရေအမျိုးအစား တွေကို ကြိုတင်မှန်းဆနိုင်တော့ ကုန်ကျစရိတ်တွေလည်း ကြိုတွက်နိုင်တာပေါ့ ရရှိမယ့်အကျိုးကျေးဇူးတွေကတော့အများကြီးပဲ”ဟုဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ဆိုသည်။

မြေအောက်ရေအခြေအနေဆိုင်ရာ သုတေသနစာအုပ်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သြစတေးလျနိုင်ငံတို့က ပူးပေါင်း သုတေသနပြုထုတ်ဝေခဲ့ခြင်းဖြစ်သည်။ဧရာဝတီ၊ရန်ကုန်နှင့်ပဲခူးတိုင်းများအတွက်ကိုလည်း သုတေသနစာအုပ်များဆက်လက်ရေးသားထုတ်ဝေသွားရန်စီစဉ်နေသည်။

ရေရှားပါးသည့် ဒေသများအတွက်ရေတွင်းတူးခြင်းများအပါအဝင်မြေအောက်ရေ ရရှိနိုင်မှုပမာဏ များကိုအသေးစိတ် သိရှိနိုင်မည်ဖြစ်ပြီးအချိန်နှင့်ငွေကြေးကုန်ကျမှုများ သက်သာစေနိုင်မည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*