ဘာသာပေါင်းစုံဆုတောင်းပွဲတွေ လက်တွေ့ ကျမကျ ပြည်သူကဆုံးဖြတ်မယ်လို့ ပြည်ခိုင်ဖြိုးပြော

ဘာသာပေါင်းစုံဆုတောင်းပွဲတွေ လက်တွေ့ ကျမကျ ပြည်သူကဆုံးဖြတ်မယ်လို့ ပြည်ခိုင်ဖြိုးပြော
October 17, 2017 Fame Asian

4:52 pm
ဘာသာပေါင်းစုံဆုတောင်းပွဲတွေ လက်တွေ့ ကျမကျ ပြည်သူကဆုံးဖြတ်မယ်လို့ ပြည်ခိုင်ဖြိုးပြော

b

ရန်ကုန် ၊ အောက်တိုဘာ ၁၇

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဦးစီးပြုလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲကို လှိုင်မြို့ နယ် ၊ ပြည်လမ်းပေါ်က အင်းလျားကန်ဘောင် တစ်လျောက်မှာ ဒီကနေ့ ညနေ ၆ နာရီမှစပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဆုတောင်းပွဲဟာ NLD ပါတီအနေနဲ့ ရန်ကုန်တိုင်းအတွင်း အောက်တိုဘာတစ်လလုံးမှာ ဆုတောင်းပွဲလေးခုပြုလုပ်သွားမယ့်အနက်က ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ဆုတောင်းပွဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ဆုတောင်းပွဲမှာတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ တက်ရောက်ဆုတောင်းခဲ့ကြပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်က ရန်ကုန်မြို့ ၊ အောင်ဆန်းအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်မြောက် ဆုတောင်းပွဲရဲ့မြင်ကွင်းတစ်ချို့ ကိုပြန်လည်တင်ပြရရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်တွေထဲက ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးအချို့ နဲ့ တိုင်းလွှတ်တော်ကအကြီးပိုင်းပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ တို့မှ ထိပ်တန်းဘာသာရေးခေါင်းဆောင်တွေက သူတို့ ရဲ့ သက်ဆိုင်ရာဘာသာများမှ တရားတော်နဲ့အညီ မေတ္တာစကားပြောကြားခြင်းနဲ့ ဆုတောင်းခြင်းတွေကို ဟောပြောခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပွဲဖြစ်မြောက်ရေးဥက္ကဌ ဦးထွန်းမြင့်တို့က ငြိမ်းချမ်းရေးဖယောင်းတိုင်များထွန်းညှိခဲ့ပါတယ်။ထောင်နဲ့ ချီတဲ့ ပရိတ်သတ်များဟာ ဖယောင်းတိုင်များထွန်းညှိပြီး မေတ္တာပို့ ခဲ့ကြတာကိုတွေ့ ရပါတယ်။

c

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲက ပရိတ်သတ်အများအပြားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်းရေးသားထားတဲ့ အကျီများဝတ်ဆင်ထားကြသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြသူတွေကိုတွေ့ ရပါတယ်

ယခင်ဆုတောင်းပွဲကို အခမ်းအနားမစတင်ခင် ၄နာရီခန့်အလိုကတည်းက ဆူးလေလမ်းမတစ်လျှောက်ကနေ အောင်ဆန်းကွင်းအထိ လမ်းပိတ်ပြီးဆောင်ရွက်ခဲ့မှုကြောင့် နာရီနဲ့ ချီပြီး ယာဉ်ကြောပိတ်ဆို့ ခဲ့တာကို လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ အငြင်းပွားစရာ
ကိစ္စအဖြစ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမယ့် ဒီကနေ့ ပြုလုပ်တဲ့ပွဲကိုတော့ လမ်းပိတ်၊လမ်းလွှဲတာမရှိဘူးလို့ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူး ဆန်းထွန်းကပြောပါတယ်။ဒါ့အပြင် ဘာသာပေါင်းစုံဆုတောင်းပွဲကိုလာရောက်သူတွေရဲ့ ယာဉ်တွေကို သီးသန့် 
ကားပါကင်လုပ်ပြီးထားဖို့ စီစဉ်ထားတယ်လို့  လည်းသူကဆိုပါတယ်။

” ဆုတောင်းပွဲတွေကျင်းပတဲ့အခါမှာ အများပြည်သူသွားလာရေးအဆင်ပြေအောင်နဲ့ ယာဉ်ကြောမကြပ်အောင် စီစဉ်ထားပါတယ် ။ ယာဉ်ထိန်းတပ်ဖွဲ့ ဝင် ၄၂ ယောက်နဲ့ တာဝန်ချထားပြီးတော့ ယာဉ်ကြောပိတ်ဆို့ မှုတွေကို ဖြေရှင်းဖို့ ဆောင်ရွက်ထားပါတယ်။ လမ်းပိတ် ၊ လမ်းလွှဲတာလုပ်ဆောင်ဖို့ မရှိပါဘူး။ ဆုတောင်းပွဲလာရောက်ကြမယ့်သူတွေရဲ့ ယာဉ်တွေကိုလည်း သီးသန့် ကားပါကင်လုပ်ပြီးတော့ ထားဖို့ စီစဉ်ထားပြီးပါပြီ အလားတူပဲ သင်္ကကျွန်း၊သုဝဏ္ဏဘူမိကွင်းထဲမှာလုပ်မယ့် ဆုတောင်းပွဲကိုလည်း အလားတူစီစဉ်ထားပြီးဖြစ်သလိုရန်ကုန်မြို့ လယ်ခေါင်မှာလုပ်မယ့် ဆုတောင်းပွဲပါ စီစဉ်ထားပြီးဖြစ်ပါတယ် ” လို့ သူကပြောပါတယ်။

d

ဒီလိုဆုတောင်းပွဲတွေဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီးတော့ ပန်းပဲတန်းမြို့ နယ်မဲဆန္ဒနယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အခုလိုဆုတောင်းပွဲတွေဆောင်ရွက်ရတာဟာ ကမ္ဘာ့စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘာသာပေါင်းစုံမကွဲပြားဘဲ တစ်စုတစ်စည်းတည်းသဘောထားရှိတယ်ဆိုတာကို ပြချင်တာဖြစ်တယ်လို့ ဆိုပါတယ်။အောက်တိုဘာလအတွင်း လေးကြိမ်ပြုလုပ်မှာနဲ့ ပတ်သတ်ပြီးတော့လည်း သူ့ အမြင်ကိုအခုလိုပြောပါတယ်။

” ရန်ကုန်မှာ လေးခါပြုလုပ်ရတာကတော့ ရခိုင်ပြည်က ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီးတော့ပေါ့ ခေါင်းဆောင်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး ထောက်ခံတယ် တစ်သားတည်းရှိတယ် ဘာသာမကွဲပြားဘဲ ချစ်ချစ်ခင်ခင်ရှိတယ်ဆိုတာကို ပြချင်တဲ့ ပူးပေါင်းပါဝင်ချင်တဲ့သူတွေအနေနဲ့ မအားလပ်လို့ လုပ်တဲ့နေရာဝေးလို့ မလာနိုင်မဖြစ်အောင် နေရာခွဲပြီးလုပ်တဲ့သဘောပါ။ ဒါမှ ကိုယ်နဲ့ နီးတဲ့နေရာမှာ သွားပြီးပူးပေါင်းချင်တဲ့သူတွေပူးပေါင်းနိုင်မယ် ဝေဖန်မှုတစ်ချို့ ရှိနေတာကိုသိပါတယ် အခုချိန်မှာက ရခိုင်ပြည်နဲ့ ပတ်သတ်ပြီးတော့က အမျိုးသားရေးအ
သွင်ဆောင်လာပြီ အရင်က သေးသေးလေးလို့ ထင်နေပေမယ့်လည်း ကမ္ဘာ့စာမျက်နှာတွေပေါ်မှာ အားလုံးက တစ်ညီတည်းရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ကပြသဖို့ လိုပါတယ်” လို့  NLD လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းပြုလုပ်နေတဲ့ အာဏာရပါတီရဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲတွေနဲ့ ပတ်သတ်ပြီးတော့ ယခင်အာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားအမြင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြောရေးဆိုခွင့်ဖြစ်တဲ့ ဒေါက်တာနန္ဒာလှမြင့်က
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ပြောကြားတာနဲ့ အမြင်မတူတာကိုတွေ့ ရပါတယ်။ဆုတောင်းပွဲတွေပြုလုပ်နေခြင်းဟာ ရခိုင်ပြည်နယ်က ကိစ္စရပ်တွေအတွက် လက်တွေ့ ကျတယ် မကျဘူးဆိုတာကို ပြည်သူကသာ ဆုံးဖြတ်လိ့မယ်လို့ သူကပြောပါတယ်။ပြည်ခိုင်ဖြိုး
ပါတီအနေနဲ့ လက်တွေ့ ကျတဲ့အကြံပြုချက်တွေကို တောက်လျောက်ပေးနေတယ်လို့ လည်းဆိုပါတယ်။

”လုပ်တာမှားတယ် မှန်တယ်ဆိုတာကို အဓိပ္ပါယ်ရှိတယ် မရှိဘူး အကျိုးသက်ရောက်မှုရှိတယ် မရှိဘူး လက်တွေ့ ကျတယ် မကျဘူးဆိုတာကို ပြည်သူလူထုကပဲဆုံးဖြတ်ပေးပါလိ့မ်မယ် ကျွန်တော်တို့ ပါတီအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သတ်ပြီး အကြိမ်ပေါင်းများစွာ ကျွန်တော်
တို့ ဆွေးနွေးပွဲတွေလုပ်တယ် နိုင်ငံရေးပါတီတွေပေါင်းပြီး ကြေညာချက်တွေထုတ်တယ် အကြံပြုချက်တွေပေးထားတယ် ကျွန်တော်တို့ အကြံပြုချက်တွေထဲမှာ ဒီကိစ္စမပါဘူး လက်တွေ့ ကျတဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အချက်တွေပဲ တောက်လျောက်ပေးနေတယ် ဆို
တော့ ဒါတွေလုပ်သင့်တယ် ဒီလုပ်ရက်တွေမှားသည်မှားသည် ရခိုင်အရေးအတွက် တကယ်အကျိုးရှိတယ်မရှိဘူး ပြည်သူကပဲဆုံးဖြတ်ပါလိ့မ်မယ် ပြည်သူတွေတစ်သားတည်းရှိတယ် မရှိဘူးဆိုတာ ရခိုင်ကပြည်သူတွေမေးကြည့်ရင် သိသာပါလိ့မယ် ရခိုင်ဒေသက ပြည်သူ
တွေကို အရင်မေးကြည့်ပါ ” လို့ ဒေါက်တာနန္ဒာလှမြင့်ကဆိုပါတယ်။

ယခုလိုဆုတောင်းပွဲတွေပြုလုပ်လာကြတာဟာ သက်ဆိုင်ရာဘာသာအသီးသီးကအမြင်တွေကိုသိခွင့်ရတယ်လို့  ကဗျာဆရာ နက္ခတ်နီ ကပြောပါတယ်။

” အများစုက စကားလုံးတွေမှာပိတ်မိနေကြတယ်။ ဆုတောင်းပွဲ လို့ ခေါင်းစဉ်တပ်ထားတဲ့ဝေါဟာရမှာပဲ လမ်းဆုံးနေကြသလိုပါပဲ။ ၁။ ဘာဖြစ်လို့ ဒီိလိုပွဲတွေလုပ်ဖို့ဖြစ်လာသလဲ။ ၂။ ဒါ ဆုတောင်းကြမေတ္တာပို့ကြဆိုတဲ့ အပေါ်ယံအမြင်ထက် အများစုဖြစ်တဲ့ ပြည်သူတွေဆိုတာ ဒီနိုင်ငံမှာ ဘာသာတစ်မျိုးတည်းနေထိုင်နေတာမဟုတ်ဘူး၊ ဘာသာပေါင်းစုံယှဉ်တွဲနေနေတာ၊ဒါဟာမတူညီမှုတွေကြားပဋိပက္ခမရှိဘူးဆိုတာကိုအဓိကမြင်သာအောင်ဖော်ထုတ်တာလို့သုံးသပ်နိုင်ဖို့လိုပါတယ်။ ဘာကြောင့်လိုသလဲဆိုရင် အားလုံးထုတ်ဖော်မပြောဘဲဖုံးကွယ်ထားပေမဲ့အချင်းချင်းကြားမှာ သံသယနဲ့မယုံကြည်မှုတွေ၊ လူမျိုးရေးအရ ဘာသာရေးအရအမုန်းတရားတွေရှိနေလို့ပါပဲ။ အဲဒီအခါ အားလုံးကိုတရားဝင်ပြောပိုင်ခွင့်၊ ဖော်ထုတ်ခွင့်ပေးလိုက်တဲ့အခါ မင်းဘာလုပ်မလဲ၊ ငါဘာလုပ်မလဲဆိုတာက အလွန်အရေးကြီးလာပါတယ်။ မြင်ကြပါလိမ့်မယ်။ ဒီပွဲတွေလုပ်တဲ့အတွက် တချို့တွေလှောင်တယ်။ သရော်တယ်၊ အပိုတွေပါကွာလို့ ပြောကြတယ်။ ဒါ ဖော်ထုတ်လာတာပဲမဟုတ်လား ” လို့ သူ့အမြင်ကိုပြောပါတယ်။

ယခုလအတွင်းမှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို သင်္ကန်းကျွန်းမြို့ နယ်က သုဝဏ္ဏဘူမိ Event Park နဲ့ ရန်ကုန်မြို့ ၊ မြို့ တော်ခန်းမရှေ့ တို့ မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*