ကားတင်သွင်းခွင့်မူဝါဒ တရားဝင်ထွက်လာပြီးနောက် ကားဈေးကွက်အတွင်း အရောင်းအဝယ်များလှုပ်ခတ်လာ

ကားတင်သွင်းခွင့်မူဝါဒ တရားဝင်ထွက်လာပြီးနောက် ကားဈေးကွက်အတွင်း အရောင်းအဝယ်များလှုပ်ခတ်လာ
October 17, 2017 Fame Asian

1:31 pm
ကားတင်သွင်းခွင့်မူဝါဒ တရားဝင်ထွက်လာပြီးနောက် ကားဈေးကွက်အတွင်း အရောင်းအဝယ်များလှုပ်ခတ်လာ

22528194_1832330303694610_1806148964158986229_n

နေပြည်တော် အောက်တိုဘာ ၁၇

၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့် ဆိုင်ရာမော်ဒယ်ရီးယားသတ်မှတ်ချက် ကို ယမန်နေ့က တရားဝင် စာထွက်လာပြီးနောက် ကားဈေးကွက်အတွင်း အရောင်းအဝယ်များ လှုပ်ခတ်လာကြောင်း ကားဝယ်ရောင်းများထံမှသိရသည်။

“လက်ထဲကားကိုင်ထားတဲ့သူတွေက မူဝါဒထွက်ပြီးနာရီပိုင်းမှာတင် ရောင်းဈေးကို (၁၀)သိန်းလောက်ခွာပြီးတင်လိုက်ကြတယ်၊ဝယ်မယ့်သူတွေကလည်း ရှေ့နှစ်ထဲမှာ ဘယ်လိုမှသွင်းမရတော့ဘူးသေချာနေတော့ ကားကြိုက်ရင် ဈေးမဆစ်ကြဘူး၊ကားဈေးကမိုးပျံပူဖောင်းလိုတော့ ဖြစ်နေပါပြီ”ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ်ရောင်း ကိုမင်းသူက ဆိုသည်။

လာမည့်နှစ်မှစတင်ကာ ဂျပန်နိုင်ငံထုတ် ညာမောင်းတပတ်ရစ်ကားများလုံးဝတင်သွင်းခွင့်မရှိတော့သည့်အတွက် ဂျပန်ညာမောင်းကားများဈေးကွက်အတွင်း အဝယ်လိုက်နေပြီး ဈေးတတ်နေကြခြင်းဖြစ်သည်။

(၂၀၁၄)မော်ဒယ်မှစ၍ ဘယ်မောင်းကားများသာ တင်သွင်းနိုင်တော့မည်ဖြစ်ရာ ပြည်တွင်း၌ လူကြိုက်များပြီးအပိုပစ္စည်းပေါများသည့် ဂျပန်ကားများကို ယခုနှစ်အတွင်း အတတ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေ သည်။

လက်ရှိဈေးကွက်တွင် တရုတ်နှင့်ကိုရီးယားနိုင်ငံထုတ် ဘယ်မောင်း ကားများမှာ သိန်း(၂၀၀)အထက်တွင်ရှိနေပြီး တပတ်ရစ်ဂျပန်ညာမောင်းကားများ ကိုသာ အဝယ်လိုက်နေကြကြောင်း ဝါရင့်ဝယ်ရောင်းများထံမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*