ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ ကို လာမယ်ဒီဇင်ဘာလဆန်းပိုင်း ကစလုပ်မယ်

ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ ကို လာမယ်ဒီဇင်ဘာလဆန်းပိုင်း ကစလုပ်မယ်
October 16, 2017 Fame Asian

4:34 pm
ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ ကို လာမယ်ဒီဇင်ဘာလဆန်းပိုင်း ကစလုပ်မယ်

22519651_1574569009253725_1931551085695872782_n

မန္တလေး၊ အောက်တိုဘာ ၁၆

ကျားမရေးရာတန်းတူညီမျှရေးကွန်ရက်ရဲ့ ၁၆ ရက်တာလှုပ်ရှားမှုလုပ်ငန်းအဖွဲ့ကစီစဉ်တဲ့ ထာဝရဖဲကြိုးဖြူသံချပ်ပြိုင်ပွဲ ကို လာမယ်ဒီဇင်ဘာလဆန်းပိုင်း ကစလို့ ရန်ကုန် နဲ့ မန္တလေးမြို့ကြီးနှစ်မြို့မှာ နှစ်နေရာခွဲပြီးကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ မန္တလေး”စွမ်း”ဟိုတယ်မှာ အောက်တိုဘာ ၁၅ ရက်ကပြုလုပ် တဲ့သတင်းစာရှင်းလင်းပွဲအရသိရပါတယ်။

“ထာဝရဖဲကြိုးဖြူဆိုတဲ့အတိုင်း ကျားမရေးရာအခြေပြုအကြမ်းဖက်မှုတွေကို ကျွန်တော်တို့နိုင်ငံမှာပပျောက်သွားတဲ့အထိ ထာဝရဆန့်ကျင်သွားပါမယ်ဆို တာကို သံချပ်ပြိုင်ပွဲကတစ်ဆင့်နှိုးဆော်တာဖြစ်ပါတယ်၊ ၁၆ ရက်တာလှုပ်ရှားမှုဆိုတာက အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေး နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာဟာ လူ့အခွင့်အရေးကိုချိုး ဖောက်တာပဲဖြစ်တယ်ဆိုတာကို လူအများသိလာအောင် ပညာပေးလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခုပါ၊ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့အခမ်းအနားတစ်ခုဖြစ်ပါတယ်” လို့ သံချပ်ပြိုင်ပွဲမှာအကဲဖြတ်ဒိုင်အဖြစ်ပါဝင်မယ့် ရုပ်ရှင်နဲ့ဗီဒီ ယိုသရုပ်ဆောင်ဦးမေတ္တာကပြောပါတယ်။

22549709_1574569012587058_7035231314039442687_n

ကျားမရေးရာ အခြေပြု အကြမ်းဖက်မှုတွေကို ပြည်သူလူထုကြားပိုမိုသတိပြုလာမိစေဖို့ နဲ့ အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်သွားမှာလို့သိရပြီး ယှဉ်ပြိုင်ခွင့်ရသူတွေအနေနဲ့ ဒီလှုပ်ရှားမှုမှာလည်း တစ်ရက်တာ ပါဝင်လှုပ်ရှားပေးကြရမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကအသိပေးကြေညာထားပါတယ်။

“ရွေးချယ်ခံအဖွဲ့တွေဟာ ထာဝရဖဲကြိုးဖြူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ၁၆ ရက်တာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ သံချပ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းရှင်းလင်းတင်ပြတဲ့ တစ်ရက်တာအစီအစဉ်မှာ တစ်ဖွဲ့ကိုနှစ်ယောက်သုံးယောက်လောက်တော့ တက်ရောက်ပေးရမယ်၊ ရွေးချယ်ခံအဖွဲ့တစ်ဖွဲ့ကို ပြင်ဆင်စရိတ် ၃ သိန်းစီထုတ်ပေးသွားမှာပါ” လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပြိုင်ပွဲဝင်တွေအတွက် လျှောက်လွှာတွေခေါ်ယူထားပြီး လျှောက်လွှာတွေကိုနိုဝင်ဘာ ၂ ရက်ထက်နောက်မကျဘဲ ကျားမရေးရာတန်းတူညီမျှရေး ကွန်ရက်ရုံးခန်း အမှတ် ၄၈၊ ၆ လွှာ(အေ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ပေးပို့ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ပြိုင်ပွဲတွေကို အထက်မြန်မာပြည်အတွက် မန္တလေးမြို့မှာစီစဉ်ထားပြီး အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့မှာစီစဉ်ထားတာမှာ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အစီအစဉ်ကိုလည်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေဖြစ်တဲ့ ဦးဝင်းပိုက်မျိုး ဖုန်းနံပါတ် ၀၉၅၀၆၉၁၃၁၊ ၀၉၄၂၁၁၄၄၃၉၄ နဲ့ ဒေါ်ပတ္တမြားကေခိုင် ဖုန်းနံပါတ် ၀၉၅၁၄၆၅၀၉၊ ၀၉၄၉၂၆၁၄၄၄ တို့ဆီဆက်သွယ်စုံစမ်းရမှာဖြစ်ပြီး ပထမဆုကျပ်သိန်းနှစ်ဆယ် ဒုတိယဆုကျပ် ၁၅ သိန်း နဲ့ တတိယဆု ကျပ် ၁၀ သိန်း အသီးသီးချီးမြှင့်ပေးအပ်သွားမှာလို့သိရပါတယ်။

ဖဲကြိုးဖြူဆိုတာ သင်္ကေတအရ ကျားမအခြေပြုအကြမ်းဖက်မှုဆန့်ကျင်ခြင်းသင်္ကေတတစ်ခုဖြစ်ပြီး ထာဝရဖဲကြိုးဖြူသံချပ်ပြိုင်ပွဲဆိုတာကတော့ မြန်မာ နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာတွေ့ကြုံနေတဲ့ ကျားမရေးရာအခြေပြု အကြမ်းဖက်မှုတွေကိုအာရုံစိုက်လာစေဖို့ရည်ရွယ်တဲ့ သံချပ်ပြိုင်ပွဲတစ်ရပ်ဖြစ်ပါ တယ်။

ထာဝရဖဲကြိုးဖြူဆိုတဲ့အတိုင်း ကျားမရေးရာအခြေပြုအကြမ်းဖက်မှုတွေကို နိုင်ငံတွင်းမှာပပျောက်သွားတဲ့အထိ ထာဝရဆန့်ကျင်သွားမယ်ဆိုတာကို သံချပ်ပြိုင်ပွဲကတစ်ဆင့်နှိုးဆော်တာဖြစ်ပြီး ၁၆ ရက်တာလှုပ်ရှားမှုဆိုတာကတော့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေး နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲဖြစ်တယ်ဆိုတာကို လူအများသိလာအောင်ပညာပေးလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခု၊ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့အခမ်းအနားတစ်ခုဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်ကြာမြင့်တဲ့ ဒီ ၁၆ ရက်ထဲမှာပါဝင်တဲ့အပြည်ပြည်ဆိုင်ရာနေ့တွေကတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့(နိုဝင်ဘာ၂၅ ရက်)၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှား သူများနေ့(နိုဝင်ဘာ ၂၉ ရက်)၊ အရှေ့တောင်အာရှအမျိုးသမီးများနေ့(နိုဝင်ဘာ ၃၀ ရက်)၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့(ဒီဇင်ဘာ ၁ ရက်)၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ နှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ (ဒီဇင်ဘာ ၁၀ ရက်)တို့ပဲဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*