ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု့အကူအညီထောက်ပံ့ပေးရေး ၊ ပြန်လည်နေရာချထားပေးရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း ကို ပြည်သူ့အားနဲ့ လုပ်ဆောင်သွားမယ်

ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု့အကူအညီထောက်ပံ့ပေးရေး ၊ ပြန်လည်နေရာချထားပေးရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း ကို ပြည်သူ့အားနဲ့ လုပ်ဆောင်သွားမယ်
October 13, 2017 Asian Fame

3:41 pm
ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု့အကူအညီထောက်ပံ့ပေးရေး ၊ ပြန်လည်နေရာချထားပေးရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း ကို ပြည်သူ့အားနဲ့ လုပ်ဆောင်သွားမယ်

Rakhine(နေပြည်တော် ၊ အောက်တိုဘာ ၁၃)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု့ အကူအညီထောက်ပံ့ပေးရေး ၊ ပြန်လည်နေရာ ချထားပေးရေး ၊ ဖွံ့ဖြိုးရေး စီမံကိန်းကို ပြည်သူ့အားနဲ့ လုပ်ဆောင်သွားမယ်လို့ လူမှု့ ၀န်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားပေးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

“တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူအားကို ယူပြီးတော့ လုပ်ဆောင်မယ် ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းပဲ”လို့ သူက ထပ်ပြောပါတယ်။

လူအား လုပ်အား အနေနဲ့ ပါဝင်ကူညီ လိုသူတွေကိုလည်း ဖိတ်ခေါ်ကြောင်း သူက ထပ်မံပြောပါတယ်။

လက်ရှိမှာ နိုင်ငံတကာကလည်း ပါဝင်ရန် လာရောက်ကမ်းလှမ်းမှု့တွေလည်း ရှိတယ်လို့ သူကဆိုပါတယ်။

အဆိုပါ စီမံကိန်းဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများထပ်မဖြစ်ပွားဖို့ လုပ်ဆောင်မှာဖြစ်တယ် လို့လည်း ပြည်ထောင်စု ၀န်ကြီးက ဆိုပါတယ်။

ဒီအဖွဲ့အစည်းဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေး ကော်မတီနဲ့လည်း ချိတ်ဆက်လုပ်ကိုင်မှာဖြစ်တယ်လို့လည်း သူက ထပ်ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု့အကူအညီ ထောက်ပံ့ပေးရေး ၊ ပြန်လည်နေရာ ချထားပေးရေး ၊ ဖွံ့ဖြိုးရေး စီမံကိန်းကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒုဥက္ကဌအဖြစ် ဒေါက်တာ ၀င်းမြတ်အေးက
တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းမှာ လက်ရှိအစိုးရလက်ထက် ပြည်သူပါဝင်တဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*