လျှပ်စစ်မီတာခနှုန်းများ ပြောင်းလဲမှုနှင့် အတူ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု များကိုပါ ပေးသွားနိုင်ရန် စီစဉ်နေ

လျှပ်စစ်မီတာခနှုန်းများ ပြောင်းလဲမှုနှင့် အတူ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု များကိုပါ ပေးသွားနိုင်ရန် စီစဉ်နေ
October 12, 2017 Asian Fame

2:04 pm
လျှပ်စစ်မီတာခနှုန်းများ ပြောင်းလဲမှုနှင့် အတူ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု များကိုပါ ပေးသွားနိုင်ရန် စီစဉ်နေ

tower(နေပြည်တော်၊ အောက်တိုဘာ ၁၂)

လျှပ်စစ်မီတာခနှုန်းထား များပြောင်းလဲကောက်ခံရာ တွင် ယခုထက် ပိုမိုကောင်းမွန်သည့် ဝန်တောင် မှုများကိုပါ တပါတည်း ပေးသွားနိုင်ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

“အခြေခံလူတန်းစား အိမ်ထောင်စုတွေရဲ့တစ်လသုံးတဲ့ယူနစ်က(၂၃)ယူနစ်မှာရှိတယ်၊ ဒါကိုပြောင်းရမလား၊ပြောင်းသင့်သလား၊စဉ်းစားရပါတယ်၊ ဘယ်လိုပြောင်းမလဲ နောက်ပြီးပြောင်းလဲကောက်ခံမှုနဲ့အတူ အခုထက် ပိုကောင်းမယ့် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ကိုလည်း လုပ်နေရပါတယ်၊ ဒါမှလည်းမျှတတဲ့ win win situation ဖြစ်မှာပါ”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ဆိုသည်။

လျှပ်စစ်မီတာခများကို သုံးစွဲသည့် ယူနစ်အနည်းအများပေါ် မူတည်ကာပြောင်းလဲ ကောက်ခံရန် စီစဉ်နေပြီး မီးပုံမှန်လာစေရေးနှင့် ဗို့အားအပြည့်သုံးစွဲနိုင်ရေးတို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုခဲ့သည်။

ထို့အပြင် မီတာခနှုန်းထားများပြောင်းလဲ ပါကလည်း မီဒီယာများမှတဆင့် လုံလောက်သည့် အချိန်တစ်ခုဖြင့် ကြိုတင်အသိပေးပြီးမှသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် သြဂုတ်လကုန် အထိ လျှပ်စစ်ဓါတ်အား ရောင်းချမှုမှ ကျပ်ငွေသန်းပေါင်း (၁၀၃၆၄၁)သန်းကျော် ရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*