3:45 pm
(ရန်ကုန် ၊ အောက်တိုဘာ ၁၁)
အွန်ုလိုင်းပေါ်မှ အလှကုန်၊အစားအသောက်နဲ့ ဆေးဝါးအမျိုးမျိုး တရားမ၀င် တင်သွင်းရောင်းချနေသူများကို လုံးဝ ခွင့်မပြုထားတဲ့ အတွက် ထောင်ဒဏ် ၃နှစ်ထက် မပိုသော ပြစ်ဒဏ်ချမှတ်အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အွန်လိုင်းရှော့ပင်း အနေနဲ့ တရားမ၀င် တင်သွင်းရောင်းချနေတဲ့ အလှကုန်၊ အစားအသောက် နဲ့ ဆေးဝါးအမျိုးမျိုးတို့ ကို တိုင်းအစိုးရ အနေနဲ့ နိုင်ငံသားများ တရားဝင်ဆောင်ရွက်နိုင်ဖို့ အခြေအနေ ဖန်တီးပေးဖို့ အစီအစဉ် ရှိမရှိ မေးခွန်းကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပန်းဘဲတန်းမြို့ နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးမြန်းခဲ့ပါတယ်။ ယင်းမေးခွန်းနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရ အဖွဲ့ မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။
” အခုလောလာဆယ် ဖြစ်နေတဲ့ အွန်လိုင်းပေါ်က ရောင်းချနေတဲ့ ကိစ္စရပ်ပေါ့ အဓိကအားဖြင့်၂ ခုနဲ့ သက်ဆိုင်ပါတယ် FDA စစ်ဆေးခြင်းမပြုရတဲ့အတွက် စားသုံးရန် သင့်မသင့်၊ အန္တရာယ် ရှိမရှိဆိုတဲ့အချက်ပါ ဒါကစားသုံးသူကို အကာကွယ်ပေးရေး နဲ့ ဆိုင်သလိုပဲ နောက်
တစ်ချက်ကတော့ ဒီလို အွန်လိုင်းပေါ်က ရောင်းချပြီးတော့ အိမ်တိုင်ရာရောက် door to door ရောင်းချတဲ့နေရာမှာ အခွန်များ လွတ်နေတဲ့အပိုင်းလည်းရှိနေပါတယ် ဒါတွေကို ဇစ်မြစ်ကျ စိစစ်ဖို့ တော့လိုနေပါပြီ” လို့ ဦးမြင့်သောင်းကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ငန်းဆောင်ရွက်မယ် ဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့လုပ်ငန်းလိုင်စင်ယူရမှာဖြစ်ပြီးတော့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့ အညီလည်းလုပ်ငန်းဆောင်ရွက်ရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။”ဥပ
ဒေပါပြဌာန်းချက်များကို လိုက်နာခြင်းမရှိဘဲ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စီရင်ခြင်းခံရမယ်ဆိုရင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၅ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ်လို့  စားသုံးသူက
ာကွယ်ပေးရေးဥပဒေမှာ ပြဌာန်းထားပါတယ် ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အလှကုန်၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ဆိုင်ဖွင့်ရောင်းချတာပဲဖြစ်ဖြစ် အွန်လိုင်းကကြော်ငြာပြီးရောင်းချတာဖြစ်စေ ရောင်းမယ်ဆိုရင်မြို့တော်စည်ပင်သာယာရေးကော်မတီ
ရဲ့လုပ်ငန်းလိုင်စင်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တို့ ရဲ့ခွင့်ပြုချက်ယူပြီးရောင်းချနိုင်ပါတယ်။ တရားမ၀င်တင်သွင်းရောင်းချခြင်းနဲ့ ခွင့်ပြုချက်မဲ့ရောင်းချခြင်းတွေကို လုံးဝခွင့်မပြုထားပါဘူး ” လို့ ဝန်ကြီးကပြောပါတယ်။
မေးခွန်းမေးမြန်းခဲ့တဲ့ ပန်းပဲတန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက မိမိလိုချင်တဲ့လူသုံးကုန်ပစ္စည်းအဆန်းအပြားတွေကို ပြည်သူတွေက ကြိုက်နှစ်သက်လို့ ရှိရင် အွန်လိုင်းကပဲမှာယူပြီးအိမ်တိုင်ရာရောက်ပို့ ဆောင်ပေးတဲ့အတွက် အဆင်ပြေချောမွေ့ တာတွေလည်းရှိပါတယ် ” လို့ ပြောပါတယ်။
စားသုံးသူ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၄ မှာ အွန်လိုင်းမှ ကြော်ငြာရောင်းချခြင်းနဲ့ ဆက်နွယ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်များဟာ ကုန်စည်ရဲ့ အရည်အသွေး၊ အရေအတွက်၊ ကုန်စည်မှာပါဝင်တဲ့ပစ္စည်းများ၊ ကုန်စည်ကိုအသုံးပြုပုံ ၊ ကုန်စည်ရဲ့ဈေးနှုန်း၊ ၀န်ဆောင်မှု
နှုန်းထားများနဲ့ ပတ်သတ်ပြီး စားသုံးသူများကိုလိမ်လည်ထားသော ကြော်ငြာများ၊ ကုန်စည်သို့ မဟုတ်ဝန်ဆောင်မှုရဲ့ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ ၊ မဟုတ်မမှန်သော သတင်းအချက်များပါဝင်သော ကြော်ငြာများ၊ အန္တရာယ်ရှိမှုကိုအသိေ
ပးခြင်းမရှိတဲ့ကြော်ငြာများကို မဖော်ပြရဘူးလို့ ပြဌာန်းဖော်ပြထားပါတယ်။
ဖြိုးထက်အောင်