တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် စည်းကမ်းချက်အသစ်ထပ်တိုးထား

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် စည်းကမ်းချက်အသစ်ထပ်တိုးထား
October 11, 2017 Fame Asian

2:28 pm
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် စည်းကမ်းချက်အသစ်ထပ်တိုးထား

တောင်ကြီး၊ အောက်တိုဘာ ၁၁

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ စည်းကမ်းချက်အသစ်တစ်ချက်ထပ်တိုးထားတယ်လို့ မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီကနေသိရပါတယ်။

ဒီအချက်ကတော့ ဘာသာရေးလူမျိုးရေးပဋိပက္ခဖြစ်စေမယ့် စာသား/စတေကာ/ ရုပ်ပုံတွေ ၊ မီးပုံးမှာ ပုံဆွဲရေးချယ်ခြင်းမရှိဖို့ ၊ အောက်ဆွဲစာသားတွေမှာ အလားတူကိစ္စမျိုးတွေ မပြုလုပ်ဖို့၊ ပါလာရင် လွှတ်တင်ခွင့်မပြုဘူးဆိုတဲ့ အချက်ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအတွင်းရေးမှူးဒေါက်တာသန်းဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ထူးခြားမှုဆိုရင်တော့ ဒီစည်းကမ်းချက်က ဒီနှစ်မှာ ထည့်သွင်းလိုက်တာပါ။ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်လို့ပါ။ ဒါတွေပါလာရင် လွှတ်တင်ခွင့်မပြုဘူးလို့ ။ ပြီးတော့ အရက်ဘီယာဆေးလိပ်ကြောညာတွေ မထည့်သွင်းရတာကတော့ အရင်နှစ်တွေလိုပါပဲ” လို့ ဒေါက်တာသန်းဝင်းကပြောပါတယ်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မကြာတော့မယ့်အချိန် အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိကျင်းပသွားတော့မှာဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲဝင်မယ့် မီးပုံးတွေ စာရင်းသွင်းမှု နောက်ဆုံးပိတ်ရက်ကတော့ အောက်တိုဘာ ၁၄ ရက်နေ့ဖြစ်ပါတယ်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်မှာ စူဠာမုနိ လောကချမ်းသာဘုရားပွဲတော် ၊ရိုးရာမီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲ ၊ မဟာဘုံကထိန် ပွဲတော် ၊ မီးပဒေသာလှည့်လည် ပြိုင်ပွဲ နဲ့ မသိုး သင်္ကန်းရက်လုပ်ပြိုင်ပွဲ ဆိုပြီးကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*