အစိုးရသစ် လက်ထက် ၁နှစ်ခွဲကျော်ကာလ အတွင်း သစ်တော ၀န်ထမ်း ၂၀၀၀ကျော် အရေးယူ ခံထားရ

အစိုးရသစ် လက်ထက် ၁နှစ်ခွဲကျော်ကာလ အတွင်း သစ်တော ၀န်ထမ်း ၂၀၀၀ကျော် အရေးယူ ခံထားရ
October 11, 2017 Asian Fame

11:58 am
အစိုးရသစ် လက်ထက် ၁နှစ်ခွဲကျော်ကာလ အတွင်း သစ်တော ၀န်ထမ်း ၂၀၀၀ကျော် အရေးယူ ခံထားရ

(နေပြည်တော် ၊ အောက်တိုဘာ ၁၀)

သစ်မှောင်ခိုကိစ္စ နဲ့ပတ်သတ်ပြီးလာဘ်ပေး လာဘ်ယူပြုလုပ်ခဲ့ကြတဲ့ ပြစ်မှု အပါအ၀င် အခြားသော အကြောင်းအရင်း မျိုးစုံ/အပြစ်မျိုးစုံကြောင့် အရေးယူ ခံခဲ့ရတဲ့ သစ်တောဝန်ထမ်း အရေအတွက်ဟာ အစိုးရသစ်လက်ထက် ၁နှစ်ခွဲကျော် ကာလအတွင်းမှာပင်  ၂၀၀၀ကျော် ရှိနေကြောင်း သယံဇာတ နဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက Popular News ကို ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနလက်အောက်ခံ သစ်တောဦးစီးဌာနမှာ လုပ်သားအဆင့် ကနေ ညွှန်ချုပ်အဆင့်အထိ ၀န်ထမ်း အင်အားစုစုပေါင်း ၇၉၈၈ ဦးရှိပါတယ်။

ခုအရေးယူ ခံထားရတဲ့ ပမာဏဟာ ၂၀၀၀ကျော် လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြောဆိုလိုက်တဲ့ အတွက် စာရင်းရှိ ၀န်ထမ်းစုစုပေါင်းရဲ့ ၄ပုံ၁ပုံ ဟာ အရေးယူခံထားရတယ်လို့ ဆိုလို့ရနေပါတယ်။

သစ်တောဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ခုအရေးယူ ခံထားရတဲ့ ၂၀၀၀ကျော်ထဲ သစ်မှောင်ခိုကိစ္စ နဲ့ပတ်သတ်ပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့ကြတဲ့ ပြစ်မှုကို ကျူးလွန်သူက ၁၇ ဦးရှိတယ်လို့ ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

အခြားသော အကြောင်းအရင်းမျိုးစုံ/အပြစ်မျိုးစုံကြောင့် ဆိုတာ ကိုတော့ သူက ၀န်ထမ်း စည်းမျဉ်း စည်းကမ်း ဖောက်ဖျက်တာ၊ လာဘ်ပေးလာဘ်ယူပြုလုပ်တာ၊လူမှုရေးဖောက်ပြန်တာ စတာတွေဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ဒီ ၂၀၀၀ ကျော်ဆိုတာကတော့ အကြောင်းအရာပေါင်းစုံ ၊ တစ်ခြားပြစ်မှုပေါင်းစုံကြောင့် အရေးယူခဲ့တဲံ့စာရင်းဖြစ်ပါတယ်” လို့ သစ်တောဦးစီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

သစ်တော ၀န်ထမ်းတွေကို အရေးယူရာမှာ ထုတ်ပယ်ပစ်တာ ၊ ရာထူးလျော့ပစ်တာ ၊ လစာလျော့ချတာ ၊ တရားစွဲထောင်ချပစ်တာ စတဲ့ အရေးယူမှုမျိုးတွေ ဖြစ်တယ်လို့ သစ်တော ဦးစီးဌာနက သိရပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက် ၅ နှစ်တာကာလအတွင်းမှာတော့ သစ်မှောင်ခိုမှုမှာ လာဘ်ပေး လာဘ်ယူပြုလုပ်လို့ အရေးယူခံခဲ့ရတဲ့ ၀န်ထမ်းက ၆၀ ရှိခဲ့ပြီး၊ အခြားပြစ်မှုတွေ ကျူးလွန်လို့ အရေးယူခဲ့တာကလည်း ထောင်ချီရှိခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*