“ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ” လို့ မေးခဲ့သူဟာ…

“ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ” လို့ မေးခဲ့သူဟာ…
October 10, 2017 Asian Fame

3:00 pm
“ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ” လို့ မေးခဲ့သူဟာ…

who(မန္တလေး၊ အောက်တိုဘာ ၁၀)

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို အင်တာဗျူးပြီး “ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ” လို့ မေးခဲ့သူဟာ သတင်းသမား တစ်ဦး မဟုတ်ကြောင်း ဒေသအစိုးရ အသိုင်းအ၀ိုင်း ကပြောပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၂နှစ် အရွယ်ရှိ အဲဒီလူဟာ သတင်းမီဒီယာသမား တစ်ဦးမဟုတ်ကြောင်း သိရပါတယ်။

“သူ ဘယ်သူလည်း ဆိုတာကို အောက်တိုဘာ ၈ ရက်နေ့ ကတည်းက ဖော်ထုတ်နိုင်ခဲ့တာပါ၊ မြို့နယ်တာဝန်ရှိသူတွေ ကိုယ်တိုင် စုံစမ်းပြီးသိရတာပါ” လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။ အဆိုပါ အမျိုးသားဟာ သတင်းမီဒီယာသမားတစ်ဦး မဟုတ်တာသေချာကြောင်းကိုလည်း သူက ပြောပါ တယ်။

မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဒီကိစ္စအပေါ် စုံစမ်းခဲ့တာဖြစ်တယ် လို့လည်း ရဲအုပ်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။

မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ အောက်တိုဘာ ၇ ရက်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဟာ သူ့အစိုးရ အဖွဲ့ဝင်ဝန်ကြီး တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမစတင်ခင်မှာ ၀န်ကြီးချုပ်နဲ့သတင်းထောက်တွေတွေ့ဆုံစဉ် အဲဒီလူက ၀န်ကြီးချုပ်ကို မေးခွန်းတွေ မေးခဲ့ပြီးတော့ နောက်ဆုံးကျမှ “ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ”လို့ မေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “ဦးလေး လူထုခေါင်းဆောင် တစ်ယောက်အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေများ လုပ်ဆောင်စရာရှိပါသေးသလဲ” လို့လည်း မေးခွန်းထုတ်သွားပါသေးတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*