စစ်တွေအကျဉ်းထောင်ဝန်ထမ်းတစ်ဦး မူးယစ်သုံးစွဲရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံထားရ

စစ်တွေအကျဉ်းထောင်ဝန်ထမ်းတစ်ဦး မူးယစ်သုံးစွဲရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံထားရ
October 10, 2017 Fame Asian

5:14 pm
စစ်တွေအကျဉ်းထောင်ဝန်ထမ်းတစ်ဦး မူးယစ်သုံးစွဲရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံထားရ

22366500_1584258328303110_8545415412886773105_n

စစ်တွေ ၊ အောက်တိုဘာ ၁၀

စစ်တွေအကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထောင်ဝန်ထမ်းတစ်ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ယမန်နေ့ညက သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သူဟာ အဲဒီအကျဉ်းထောင်မှာ အကျဉ်းထောင်တပ်သားအဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး၊ စိတ်ကြွဆေးပြား အပြား ၂၀၀ခန့်လက်ဝယ်တွေ့ရှိမှုနဲ့ဖမ်းဆီးလိုက်တာလို့ စစ်တွေမြို့မရဲစခန်းက အတည်ပြုပြောပါတယ်။

စစ်တွေမြို့ရဲစခန်းရဲ့ ဒုတိယစခန်းမှူးဖြစ်သူ ရဲအုပ်ဇော်ဝင်းက “မနေ့က ညပိုင်းလောက်က ဖြစ်တာပါ။ သူတစ်ယောက်တည်းပါ။ အခု သူကိုယ်တိုင်မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ဆီးသွားစစ်နေတယ်”လို့ ပြောပါတယ်။

လက်ရှိ မှာ မူးယစ်ဆေးပြားတွေလက်ဝယ်တွေ့ရှိ ထားတဲ့ တပ်သားကို စစ်တွေမြို့မရဲစခန်းမှာ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*