ကရင်ပြည်နယ် ထွေအုပ်ရုံးဝန်ထမ်းတစ်ဦး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုနဲ့ဖမ်းခံရ

ကရင်ပြည်နယ် ထွေအုပ်ရုံးဝန်ထမ်းတစ်ဦး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုနဲ့ဖမ်းခံရ
October 9, 2017 Fame Asian

3:34 pm
ကရင်ပြည်နယ် ထွေအုပ်ရုံးဝန်ထမ်းတစ်ဦး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုနဲ့ဖမ်းခံရ

popular-crime-logo

မော်လမြိုင်၊ အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုနဲ့ ရဲက ဖမ်းဆီးထားတယ် လို့သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြား ၂၁၃ ပြားနဲ့ သူ့ကို မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ကင်ပွန်းချောင်ရပ်ကွက်မှာ အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကို အတည်ပြုပြောပါတယ်။

“သူအပါအ၀င် ၂ ဦး ပါ ၊ သုံးစွဲတာရော ရောင်းဝယ်တာရောပါ” လို့ ရဲကဆိုပါတယ်။

အခု ရဲဖမ်းထားသူဟာ ထွေအုပ်ရုံးမှာ ရုံးအကူ စာပေးစာပို့အဖြစ်လုပ်ကိုင်နေတဲ့ သူ လို့ သိရပြီး၊သူနဲ့အတူ အရပ်သား တစ်ဦးကိုပါ ရဲက ဖမ်းထားပါတယ်။

သတင်းရရှိလို့ အခုလိုစောင့်ပြီး စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောဆိုထားပြီး၊ ကျူးလွန်သူကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ နေသူတွေလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

သူတို့ ၂ဦးကို စစ်ဆေးမှုတွေအရ အခြားသော ကွင်းဆက် တရားခံတွေ ရှိနေသေးတာကြောင့် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ လည်း မြို့နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

လောလောဆယ် သူတို့ ၂ဦးကိုရဲစခန်းမှာ (ပ) ၂ / ၂၀၁၇ ၊ မူးစိတ်ပုဒ်မ ၁၅/ ၁၉ (က)/ ၂၁ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*