ပြည်တွင်းသို့ ခရီးသွား ဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်က လတူထက် (၂၂)ရာခိုင်နှုန်းကျော် တိုးတက်လာ

ပြည်တွင်းသို့ ခရီးသွား ဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်က လတူထက် (၂၂)ရာခိုင်နှုန်းကျော် တိုးတက်လာ
October 9, 2017 Asian Fame

12:11 pm
ပြည်တွင်းသို့ ခရီးသွား ဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်က လတူထက် (၂၂)ရာခိုင်နှုန်းကျော် တိုးတက်လာ

tour(နေပြည်တော် အောက်တိုဘာ ၉)

ယခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှာ သြဂုတ်လကုန်အထိ (၂.၂၇)သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၂၂)ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ခဲ့ကြောင်း ကမ္ဘာခရီးသွား လုပ်ငန်းနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

“ကမ္ဘာခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက် အရ ၂၀၁၆ခုနှစ်အတွင်းမှာ နိုင်ငံတကာ ခရီးသွားလာသူ အရေအတွက် (၁.၂)ဘီလီယံကျော် အထိ ရှိခဲ့ပြီး၂၀၃ဝပြည့်နှစ်တွင် (၁.၈)ဘီလီယံ ရောက်လာမယ် ခန့်မှန်းထားပါတယ် ၊ပြည်တွင်း ကိုလည်း၂၀၁၆ခုနှစ်က ခရီးသွား(၂.၉) သန်း ဝင်ရောက်ခဲ့ပြီး ခုနှစ်မှာ(၃.၅)သန်းအထိ ဝင်ရောက်လာဖို့ ခန့်မှန်း ထားပါတယ်”ဟု ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် ပြည်တွင်းရှိ အထင်ကရ နေရာများ အပါအဝင် မြိတ်ကျွန်းစုကဲ့သို့ သဘာဝအလှများ မပျက်မစီး ရှိနေသည့်နေရာ များကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများဖြင့် စွဲဆောင်ရန် စီစဉ်နေပြီး ပုဂံနှင့် ဆီရမ်ရိအကြား ရှေးဟောင်း အမွေအနှစ်မြို့တော်နှစ်ခု ကိုလည်း လည်ပတ်စရာ ခရီးစဉ်တစ်ခု အဖြစ်ဆာင်ရွက်ရန် ပုဂ္ဂလိက အသင်းအဖွဲ့ များနှင့် ပူးပေါင်း စီစဉ်လျှက်ရှိနေသည်။

မြန်မာနိုင်ငံ အတွင်းရှိ သဘာဝ အလှအပများနှင့် ရှေးဟောင်းလူနေမှု ထုံးတမ်းများကို ကမ္ဘာသိအောင် ချပြနိုင်ရေးနှင့် စွဲမက်စရာကောင်းသော ခရီးစဉ်များ ပေါ်ပေါက်လာစေရေး တို့အတွက် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*