အိန္ဒိယနိုင်ငံမှ တဆင့် ချင်းပြည်နယ် ရိဒ်ရေကန်သို့ ညအိပ် လည်ပတ်နိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးနေ

အိန္ဒိယနိုင်ငံမှ တဆင့် ချင်းပြည်နယ် ရိဒ်ရေကန်သို့ ညအိပ် လည်ပတ်နိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးနေ
October 9, 2017 Asian Fame

3:49 pm
အိန္ဒိယနိုင်ငံမှ တဆင့် ချင်းပြည်နယ် ရိဒ်ရေကန်သို့ ညအိပ် လည်ပတ်နိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးနေ

Reed(နေပြည်တော်၊ အောက်တိုဘာ ၉)

အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား များအား နယ်စပ်မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ ချင်းပြည်နယ် ရိဒ်ရေကန်ဒေသတဝှိက်ကို ညအိပ်ခရီးစဉ် အဖြစ်လာရောက် လည်ပတ်နိုင်ရေး အတွက် နှစ်နိုင်ငံတာဝန် ရှိသူများဆွေးနွေးလျှက်ရှိနေသည်။

“လက်ရှိမှာ နေ့ချင်းပြန်လည်ပတ်နေကြတာမျိုးရှိပေမယ့် ညအိပ်ပုံစံမျိုးနဲ့ ချင်းလူမျိုးတွေရဲ့ဓလေ့ စရိုက်တွေလေ့လာကြတာမျိုး ဆိုပိုကောင်းမှာဖြစ်လို့ ဆွေးနွေးနေကြပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (အထက်မြန်မာပြည်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆိုသည်။

ချင်းပြည်နယ်သည် သဘာဝအလှအပ များစွာရှိနေပြီး ကမ္ဘာလှည့် ခရီးသည်များကို စွဲဆောင်နိုင်သည့် နေရာများစွာ ရှိနေသည့် အတွက် အိန္ဒိယနိုင်ငံမှ တဆင့် ရိဒ်ရေကန်အပါအဝင် တီးတိန်နှင့် ကလေး မြို့များအထိပါ သွားရောက် လည်ပတ်နိုင်ရေး ဆွေးနွေးလျှက် ရှိနေကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် အနီးရှိရိဒ်ရေကန်သည် အသဲနှလုံး ပုံသဏ္ဍန်ရှိကာ ကြည်လင်နေသည့်ရေကြောင့် ခရီး သွားများကို စွဲဆောင်လျှက်ရှိနေသည်။

ချင်းပြည်နယ်ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေး အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အဟန့်အတားဖြစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် ညအိပ်ဧည့်သည် များအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*