သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲနေမှု နောက်လေးနှစ်အကြာမှာ ပြီးစီးမယ်လို့ ပညာရေးဝန်ကြီးပြော

သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲနေမှု နောက်လေးနှစ်အကြာမှာ ပြီးစီးမယ်လို့ ပညာရေးဝန်ကြီးပြော
October 9, 2017 Fame Asian

11:10 am
သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲနေမှု နောက်လေးနှစ်အကြာမှာ ပြီးစီးမယ်လို့ ပညာရေးဝန်ကြီးပြော

1

ရန်ကုန်၊ အောက်တိုဘာ ၉

Grade 12 အပါအ၀င် အတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲနေမှုဟာ နောက်လေးနှစ်အကြာမှာ ပြီးစီးမယ်လို့ ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်နဲ့ အခြေပြုပြီး သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲနေတာလို့ ၀န်ကြီးက ဆက်ပြောပြီး၊လက်ရှိရေးဆွဲပြီးသွားတဲ့ သင်ရိုးညွှန်းတမ်းအသစ်နဲ့ ယခုနှစ်မှာ grade 1 အတန်းကို စတင်သင်ကြားနေပြီလို့လည်း ၀န်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက KG ကျောင်းသားတွေကို သင်ရိုးသစ်နဲ့ စတင်သင်ကြားနေတာဟာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ခဲ့တာပါ။အဲဒီပြောကြားချက်တွေကို ၀န်ကြီးက ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်အတွင်း ပြောခဲ့တာပါ။

သူငယ်တန်းနဲ့ မူလတန်း သင်ရိုး ညွှန်းတမ်းများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဆရာလမ်းညွှန် စာအုပ်များကို ဂျပန်နိုင်ငံ JICA နဲ့ ပူးပေါင်း ရေးဆွဲလျက်ရှိနေတာဖြစ်ပြီးတော့ အလယ်တန်း၊ အထက်တန်းသင်ရိုးညွှန်းတမ်းများကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဥရောပ သမဂ္ဂ(EU)တို့နှင့်ပူးပေါင်း ရေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း (၄၁၃၆၁) ကျောင်းရှိပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း (၄၆၄၉၃) ကျောင်းတိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးတော့ ကာလတူမှာပဲ ဆရာ ဆရာမဦးရေ ၂၇၇၅၈၄ ဦးရှိရာမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ဆရာ ဆရာမဦးရေ ၃၆၉၆၆၁ ဦးအထိ တိုးမြှင့်ခန့်ထားပြီးဖြစ်တယ်လို့ အစိုးရထုတ်ပြန်ထားချက်အရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*