လာမည့်(၃)နှစ်အတွင်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး(၅)နိုင်ငံတွင် ပါဝင်နိုင်ရေး ဆန်စပါးအဖွဲ့ချုပ် ဆောင်ရွက်နေ

လာမည့်(၃)နှစ်အတွင်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး(၅)နိုင်ငံတွင် ပါဝင်နိုင်ရေး ဆန်စပါးအဖွဲ့ချုပ် ဆောင်ရွက်နေ
October 9, 2017 Fame Asian

11:37 am
လာမည့်(၃)နှစ်အတွင်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး(၅)နိုင်ငံတွင် ပါဝင်နိုင်ရေး ဆန်စပါးအဖွဲ့ချုပ် ဆောင်ရွက်နေ

1

နေပြည်တော် အောက်တိုဘာ ၉

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၄)သန်းအထိတင်ပို့ပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့်(၅)နိုင်ငံစာရင်း ဝင်ရန်ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

“ခုနှစ်ထဲမှာ ဆန်တင်ပို့မှု အများဆုံးကအိန္ဒိယပါ၊ဒုတိယက ထိုင်းပါ၊မြန်မာအနေနဲ့က ခုဘဏ္ဍာနှစ်မှာ တန်ချိန်(၂.၅)သန်းလောက်အထိ တင်ပို့နိုင်ဖို့ရှိနေပါတယ်။လာမယ့်(၃)နှစ်အတွင်းမှာ ထိပ်တန်း(၅)နိုင်ငံစာရင်းဝင်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအနေနှင့် ဝယ်လိုအားများသည့် ဈေးကွက်ကြီးဖြစ်သော တရုတ်နိုင်ငံအပြင် အာဖရိကဈေးကွက်ကိုပါ ထိုးဖောက်တင်ပို့နေပြီး ယခုနှစ်ဆန်တင်ပို့မှု ပမာဏသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး အနေအထားကို ရောက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

လာမည့်နှစ်တွင် ဈေးကွက်ဆုံးရှုံးသွားသည့် ပဲစိုက်ပျိုးမြေနေရာအများစုတွင် နွေစပါးကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေပြီးအထွက်နှုန်း ပိုမိုတိုးလာမည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ခန့်မှန်းထားသည်။

ထို့အပြင် တန်းနိမ့်ဆန်တင်ပို့မှုအစားဈေးကွက်ဝေစုပိုမို ရရှိသည့် တန်းမြင့်ဆန်များကိုပိုမိုထုတ်လုပ်နိုင်ရန်အတွက် အရည်အသွေးမီ ဆန်စက်ကြီးများကိုလည်း အစိုးရ၊ပုဂ္ဂလိကနှင့်ဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်း တည်ဆောက်လျက်ရှိနေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*