‘ပြင်ဦးလွင်မြို့နယ်ထဲက ၀ှက်ကားသုံးထပ်ရေတံခွန်

‘ပြင်ဦးလွင်မြို့နယ်ထဲက ၀ှက်ကားသုံးထပ်ရေတံခွန်
October 2, 2017 Asian Fame

2:54 pm
‘ပြင်ဦးလွင်မြို့နယ်ထဲက ၀ှက်ကားသုံးထပ်ရေတံခွန်

1ပြင်ဦးလွင်မြို့နယ်ထဲက ၀ှက်ကား သုံးထပ်ရေတံခွန်ဆီ သီတင်းကျွတ်ကျောင်းပိတ်ရက် လာရောက် လည်ပတ်ကြသူတွေ အတွက် တောင်တက်လမ်း တစ်လျှောက် အပန်းဖြေနားခိုစရာ နေရာလေးတွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ခြေလျင်ခရီးနဲ့ ရေတံခွန်ဆီတောင်တက်ခရီးလမ်း တစ်လျှောက် လှေကားထစ်တွေ စမ်းချောင်း ဖြတ်တံတားတွေ နားနေဆောင်တွေ နဲ့ စားသောက်စရာဆိုင်ငယ်လေးတွေ စီစဉ်ပေးထားမှာ ဖြစ်ပြီး တောင်တက်လမ်းတစ်လျှောက် နေပြောက်မထိုးနိုင်တဲ့ 
အရိပ်ရပင်တွေကြောင့်လည်း ပျော်စရာတောင်တက်ခရီးတစ်ခုအဖြစ် စီစဉ်ပေး ထားတယ်လို့ ၀ှက်ကားသုံးထပ်ရေတံခွန် ထိန်း သိမ်းစောင့်ရှောက်ခွင့်ရထားတဲ့ ရွှေဒုဋ္ဌ၀တီအများပိုင်ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးစိုး ရွှေကပြောပါတယ်။

5သဘာဝတောတောင်ရေမြေအနေအထား လက်ရာမပျက်ယွင်းစေဘဲ လူဖန်တီးမှုအနည်း ငယ်မျှလောက်သာရှိတဲ့ ဒီသုံးထပ်ရေတံခွန်နဲ့ ရေတံခွန်အနီးဝန်းကျင်ဟာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု
မကျည်းအင်းကျေးရွာထဲတည်ရှိတာဖြစ်ပြီး သစ်တောမပြုန်းတီးရအောင် သဘာ၀၀န်းကျင်မပျက်စီးရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒေသခံတွေကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ စိမ်းလန်းဒေသတစ်ခုပဲဖြစ်ပါတယ်။

“အဓိကကတော့ သစ်တောထိန်းသိမ်းရေးအတွက်ပါပဲ၊ ကျွန်တော်တို့မလုပ်ရင် တစ်ခြားကလုပ် သွားမယ်၊ စီးပွားရေးအကျိုးတစ်ခုပဲကြည့်ပြီးလုပ် သွားရင် သစ်တောလည်းဆုံးမယ် ဒေသခံတွေ လည်း ဘာမှတိုးတက်မှုရှိမှာမဟုတ်ဘူး ကျွန်တော်တို့
ကိုယ်တိုင်လုပ်ကြတော့ ဒေသချစ်တဲ့ ကြောင့် သစ်တောပြုန်းမှာလည်းမရှိဘူး ဒေသခံတွေလည်း အလုပ်ကောင်းမယ် ကျွန်တော်တို့က ကုမ္ပဏီဆိုပေမယ့် အများပိုင်ကုမ္ပဏီပါ” လို့ ဦး စိုးရွှေကပြောပါတယ်။

ဒေသခံတွေချည်း ပါဝင်တဲ့ အများပိုင်ကုမ္ပဏီ အဖြစ် ဒေသအစိုးရဆီ ခွင့်ပြုချက်တောင်းခံထား ပြီး အခုနှစ်လယ်ပိုင်းလောက်က အပန်းဖြေတောင် တက်ခရီးစဉ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တာမှာ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေမှာတော့ လာရောက် လည်ပတ်သူတွေ အတွက် အပန်းဖြေ စရာနေရာသစ်တစ်ခုအဖြစ် စွဲဆောင်နိုင်မယ့် အနေအထားတစ်ခုဖြစ်အောင်စီစဉ်ထားတယ် လို့သိရပါတယ်။

4ပျော်ရွှင်စရာ အပန်းဖြေစရာ လေ့လာစရာတွေ များပြားလွန်းလှတဲ့ ဝှက်ကားသုံးထပ်ရေတံခွန်ဆီသွားမယ်ဆိုရင် မန္တလေးပြင်ဦးလွင် ၁၆ မိုင်ဂိတ်အလွန်ကနေ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားကားလမ်းအတိုင်းသွားရမှာဖြစ်ပြီး မိုင်တိုင် ၉ မိုင်အရောက်မှာတော့
အရှေ့ဘက်ရှမ်းရိုးမ တောင်တန်းတွေဆီ လမ်းအတိုင်း တစ်မိုင်ခန့် ၀င်ခဲ့ရမှာဖြစ်ပါတယ်။

 စောထွေး

9

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*