အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအမှု ရုံးထုတ်

အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအမှု ရုံးထုတ်
October 2, 2017 Fame Asian

4:22 pm
အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအမှု ရုံးထုတ်

1

ရန်ကုန် ၊ စက်တင်ဘာ ၂

အဂတိ လိုက်စားမှုနဲ့  တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချို အပါအ၀င် ငါးဦးတို့ ရဲ့အမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်းက ရုံးထုတ်လာခဲ့ပါတယ်။ယခုရုံးထုတ်စစ်ဆေးမှုမှာလည်း တရားလိုဦးစိန်တင်ကိုစစ်ဆေးတာဖြစ်ပြီးတော့ တရားလိုပြသက်သေခံစစ်ဆေးမှု ကုန်ပြီလို့ သိရပါတယ်။

3
” ဒီနေ့ သက်သေခံတင်လိုက်တာကတော့ သက်သေခံ (ဟ) အထိရောက်သွားပြီ သူတို့ ဘက်ကတော့ သက်သေခံကုန်သွားပြီ ကကြီးကနေ ဟအထိ။သူ့ ဘက်ကစစ်ဆေးချက်ပြီးသွားပြီ ။ တစ်ဖက်က စွပ်စွဲခံထားရတဲ့တရားခံတွေရဲ့ ရှေ့ နေတွေကနေပြီးတော့ အခွင့်အရေး
အရ ပြန်လှန်စစ်မေးတဲ့အဆင့်ကိုရောက်လာပြီ။ သူ့ ဘက်ကတင်ပြတာကတော့ အဂတိဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ တင်ပြတာပေါ့ ဒီဘက်က အဂတိဥပေဒနဲ့ မငြိဘူး အဂတိဥပဒေကို ဖောက်ဖျက်တာမဟုတ်ဘူးဆိုတာကို အားပေးကူညီတာမရှိဘူး လှုံ့ ဆော်တာမရှိဘူးဆိုတာကတော့ ဒီဘက်က တန်ပြန်သွားရမှာပေါ့ သူ့ ဘက်က စွပ်စွဲချက်တိုင်းကို ကိုယ့်ဘက်ကလည်း ငြင်းရမှာပေါ့ ။ ငြင်းမှလည်း တရားရုံးကနေပြီးတော့ မှန်တယ် မမှန်ဘူးဆိုတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်လို့ ရမှာပေါ့ ” လို့ စွပ်စွဲခံရသူများရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးချစ်ကိုကိုက ပြောပါတယ်။

5
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချို၊ အပါအ၀င် ငါးဦးတို့ကို ရန်ကုန်မြို့ရှိ မြေကွက် တစ်ကွက်နဲ့  ပတ်သက်ပြီး သိန်းထောင်ဖြင့်ချီအဂတိလိုက်စားတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ ဗဟန်းမြို့ မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၆/၆၃ တို့ နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သတင်း ဓါတ်ပုံ-ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*