မန္တလေးမှာ ဘုရားပွဲကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်

မန္တလေးမှာ ဘုရားပွဲကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်
September 29, 2017 Asian Fame

1:40 pm
မန္တလေးမှာ ဘုရားပွဲကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်

explode1(မန္တလေး၊စက်တင်ဘာ၂၉)

မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ ယမန်နေ့ညက ဘုရားပွဲကျင်းပနေစဉ် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တာမှာ ဒီကိစ္စ နဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်ကြောင့်ကြမှုတွေရှိနေပါတယ်။

ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက် ၇၄ လမ်း၊ ၂၈ လမ်း နဲ့ ၂၉ လမ်းကြားမှာ ဘုရားပွဲ ကျင်းပနေစဉ် ဇာတ်ရုံတစ်ရုံရှေ့ ည ၉ နာရီ မိနစ် ၂၀ ခန့်မှာ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကတော့ ပေါက်ကွဲစေတတ်တဲ့ ၀တ္ထုပစ္စည်းများ အက်ဥပဒေနဲ့ အမှု ဖွင့်စစ် ဆေးနေတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ အဲဒီမြို့နယ် အမှတ် ၈ ရဲစခန်းအပိုင် နယ်မြေအတွင်း ဘုရားပွဲကျင်းပနေစဉ် ပွဲဦးမင်း ဇာတ်စင်နဲ့ ပေ ၁၀၀ ခန့်အကွာမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်တစ်စီး ရုတ်တရတ်ပေါက်ကွဲ မီးလောင်ခဲ့ပြီး အနီးအနားကအမျိုးသားတစ်ဦး လဲကျသွားကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူအား မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးဆီ ပို့ဆောင် ထားရကြောင်း၊ ထိခိုက်ဒဏ်ရာရသူမှာ မျက်နှာ၊ရင်ဘတ်၊ ဝမ်းဗိုက် နဲ့ ဝဲဘက်ပေါင်တို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့ကြောင်း၊ ၎င်းရဲ့အနီး ၇ ပေခန့်အကွာမှာ လက်ကိုင်ဖုန်းတစ်လုံးအား ဝါယာကြိုး နီ/နက် နှစ်ပင်ထွက်လျှက် တိပ်ကပ်ထားတဲ့ အနေအထား နဲ့တွေ့ရှိရကြောင်း၊ သတင်းအရ သွားရောက် စစ်ဆေးတာမှာ မီးလောင်ပေါက်ကွဲခဲ့တဲ့ မော်တော် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူဟာ ဇနီးဖြစ်သူ နဲ့အတူ ဘုရားပွဲလာသူ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

explode2

ဖြစ်စဉ် နဲ့ပတ်သက်လို့ အမှတ် ၈ ရဲစခန်းဆီ ဒေသခံ သတင်းထောက်တွေ သွားရောက် စုံစမ်းခဲ့ပေမယ့်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းဆီသာ သွားရောက် သတင်းရယူကြဖို့ တာဝန်ကျ ရဲအရာရှိကပြောပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးဆီ သွားရောက်စုံစမ်း ရာမှာလည်း တာဝန်ရှိသူတွေ ဘက်က ဒီကိစ္စ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး ပြစ်မှုပုဒ်မ သာပြောပေးပါတယ်။

ပြည်သူလူထု စိုးရိမ်ထိတ်လန့်နေတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မော်တော် ဆိုင်ကယ် ပေါက်ကွဲမှု ဖြစ်စေခဲ့သူ အပေါ် အမှတ် ၈ ရဲစခန်းရဲအရာရှိ တစ်ဦး တရားလိုပြုလုပ်ကာ (ပ)၄၅၇/၁၇၊ ၁၉၀၈ ခု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ် လို့ပဲ လတ်တလော သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ဖြစ်စဉ်ကိုအသေးစိတ်စုံစမ်းနေကြောင်း Popular News ကို ပြောပြပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*