တရုတ်လူငယ် ၁ဦးကို ဟန်းဆက် အလုံး ၆၀၀၀ကျော် တရားမ၀င်တင်သွင်းမှုနဲ့ဖမ်းထား

တရုတ်လူငယ် ၁ဦးကို ဟန်းဆက် အလုံး ၆၀၀၀ကျော် တရားမ၀င်တင်သွင်းမှုနဲ့ဖမ်းထား
September 29, 2017 Fame Asian

12:38 pm
တရုတ်လူငယ် ၁ဦးကို ဟန်းဆက် အလုံး ၆၀၀၀ကျော် တရားမ၀င်တင်သွင်းမှုနဲ့ဖမ်းထား

aaa

ရန်ကုန်၊စက်တင်ဘာ၂၉

အသက်၁၉နှစ်အရွယ်ရှိ တရုတ်နိုင်ငံသား Mr.Wang Qaxin ကို အကောက်ခွန်မဲ့ ဟန်းဆက်အလုံး ၆၀၀၀ကျော် တရားမ၀င်တင်သွင်းမှုနဲ့ တာမွေရဲက ဒီကနေ့မနက်အစောပိုင်း မှာ ဖမ်းဆီးလိုက်ပါတယ်။

၎င်းဟာ ရန်ကုန် တာမွေမြို့နယ်၊ ပုဏ္ဏားကုန်း ရပ်ကွက်မှာ လုပ်ငန်းဗီဇာနဲ့ လာရောက်နေထိုင်နေသူလို့ သိရပြီး၊ရဲက သတင်းအရ သူရဲ့ အိမ်ကို ၀င်ရောက်ရှာဖွေရင်း အခုလိုဖမ်းဆီးရမိခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းဆည်းရမိထားတဲ့ စာရင်းကို ထုတ်ပြန်ထားရာမှာတော့ ZXET အမျိုးအစား အကောက်ခွန်မဲ့ ဟန်းဆက်မျိုးစုံ(၆၆၄၇)လုံး၊ တန်ဖိုးငွေကျပ် (၁၃၃၅.၄) သိန်း လို့ဆိုထားပါတယ်။

တာမွေမြို့မရဲစခန်းကတော့ တရုတ်နိုင်ငံသား Mr.Wang Qaxin ကို (ပ)၇၅၇/၂၀၁၇၊ ပို့/သွင်းပုဒ်မ ၈ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း Popular News ကိုပြောပြပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ သူ့ ဗီဇာ ရဲ့သက်တမ်းကို ၉-၉-၂၀၁၇ မှ ၁၅-၇-၂၀၁၈ ထိ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*