မန္တလေးကျုးံထဲ အောက်ပိုင်းအ၀တ်မဲ့ အမျိုးသားအလောင်း၁လောင်းတွေ့

မန္တလေးကျုးံထဲ အောက်ပိုင်းအ၀တ်မဲ့ အမျိုးသားအလောင်း၁လောင်းတွေ့
September 28, 2017 Asian Fame

11:52 am
မန္တလေးကျုးံထဲ အောက်ပိုင်းအ၀တ်မဲ့ အမျိုးသားအလောင်း၁လောင်းတွေ့

crime(မန္တလေး၊ စက်တင်ဘာ ၂၈)

မန္တလေး ကျုံးရေပြင်ပေါ်မှာ ဒီနေ့ (စက်တင်ဘာ ၂၈ ရက်) မနက် အစောပိုင်းက အောက်ပိုင်း အ၀တ်အစားမဲ့ အမျိုးသား အလောင်း တွေ့ရှိရမှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။

မနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့် က အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစ ခန်းအပိုင် ၁၇ လမ်း နဲ့ လမ်း ၈၀ ထောင့် ကျုံး အတွင်းဖြစ်ပွားခဲ့တာလို့ သိရပြီး နယ်မြေခံ ရဲစခန်းဆီ သတင်းပေးပို့ချက် အရ တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးတာမှာ အဲဒီ အလောင်းက အမည် နေရပ်လိပ်စာ မသိ အသက် ၂၅ နှစ်အ ရွယ်ခန့်လို့ ယူဆရကြောင်း၊ ခန္ဓာကိုယ်ပေါ်မှာ ပြင်ပ ဒဏ်ရာ မတွေ့ရဘဲ တီရှပ်အင်္ကျီအစိမ်းရောင် လက်တို အောက်ပိုင်း အ၀တ်မပါလျက် တွေ့ရှိ ရတာဖြစ်ကြောင်း ရဲစခန်း တာဝန်ကျသူကပြော ပါတယ်။

လတ်တလော မှာတော့ အလောင်းအား မန္တလေး အထွေထွေဆေးရုံကြီးဆီ ပို့ဆောင်ရာ ရင်ခွဲရုံမှ PR 03 နဲ့ လက်ခံထားပြီး ဓမ္မတာ အတိုင်းသေဆုံးတာ ဟုတ်မဟုတ် ကိုတော့ သေမှုသေခင်း အမှတ်စဉ် ၅၄/၂၀၁၇ နဲ့စစ်ဆေးနေတယ် လို့သိရပါတယ်။ အလောင်းအား မွန်းလွဲ ၂ နာရီအချိန် ရင်ခွဲ စစ်ဆေးမယ်လို့လည်း သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*