YBS ၂၁ လိုင်းအတွက် အမျိုးသမီးယာဉ်မောင်း ၃၀ အလိုရှိနေ

YBS ၂၁ လိုင်းအတွက် အမျိုးသမီးယာဉ်မောင်း ၃၀ အလိုရှိနေ
September 26, 2017 Fame Asian

12:12 pm
YBS ၂၁ လိုင်းအတွက် အမျိုးသမီးယာဉ်မောင်း ၃၀ အလိုရှိနေ

ybs

ရန်‌ကုန်‌၊စက်‌တင်‌ဘာ ၂၆

YBS ၂၁ လိုင်းအတွက် အမျိုးသမီးယာဉ်မောင်း ၃၀ကို ခန့်အပ်သွားမှာဖြစ်ပြီး ယာဉ်လုံးဝမမောင်းတက်တဲ့ အမျိုးတွေလည်း လာရောက်လျှောက်ထားနိုင်တယ်လို့ YBS ၂၁ ယာဉ်‌လိုင်း အုပ်‌ချုပ်‌မှုဒါရိုက်‌တာ ကိုတရုတ်‌‌လေးက‌ပြောသည်‌။

ယာဉ်‌‌မောင်း အ‌တွေ့ကြုံမရှိသူတွေ၊ ယာဉ်‌‌မောင်း လိုင်‌စင်‌မရှိသူတွေ နဲ့ ယာဉ်‌လုံးဝမ‌မောင်းတတ်‌တဲ့ အမျိုးသမီးတွေလည်းလာရောက်လျောက်‌ထားနိုင်‌တယ်လို့ သူကဆိုပါတယ်။

“ယာဉ်မောင်း အတွေ့အကြုံ မရှိသေးသောသူများ လုံးဝ မမောင်းတတ်သေးသူ‌တွေ‌လျောက်ထားနိုင်ပါတယ်‌။ကျွန်‌‌တော်‌တို့က ပြန်‌ပြီးစနစ်‌တကျသင်‌‌ပေးမှာပါ။ယာဉ်‌‌မောင်းလိုင်‌စင်‌ရ‌အောင်‌လဲ ကူညီ‌ပေးမှာပါ”လို့ ကိုတရုတ်‌‌လေးက‌ပြောပါတယ်။

ယာဉ်‌‌‌မောင်းအ‌တွေ့အကြုံမရှိသူတွေနဲ့  ယာဉ်‌လုံးဝမ‌မောင်းတတ်‌သူတွေကို သင်‌တန်းကာလ ၃လကနေ ၆လအထိသတ်‌မှတ်‌သင်‌ကြား‌ပေးမှာဖြစ်ပြီး သင်‌တန်းကာလအတွင်းမှာလည်း တစ်‌လကို ၂သိန်းကျပ်‌တိတိ‌ထောက်‌ပံ့‌ပေးမယ်လို့ သိရပါတယ်။

ယာဉ်မောင်းလိုင်စင်သက်တမ်း ၃ နှစ်ရှိသူတွေနဲ့လိုင်စင် လုံးဝမရှိသူတွေလည်း ‌လျောက်ထားနိုင်ပြီး လိုင်စင်ဖြေဆိုမယ့်သူတွေကိုလည်း ကူညီပေးသွားမယ်လို့ သူကဆိုပါတယ်။

“အဓိက က‌တော့ YBSယာဉ်‌လိုင်း‌တွေ‌ပေါ်မှာ ဝန်‌‌ဆောင်‌မှု‌ကောင်း‌ကောင်း‌ပေးနိုင်‌မယ့်‌ အမျိုးသမီးယာဉ်‌‌မောင်းသူ‌တွေ ‌ပေါ်ထွက်‌လာ‌စေချင်‌တာပါ။မိန်းမ‌တွေလည်း ‌ယောကျာ်း‌တွေနဲ့ အတူရင်‌‌ဘောင်‌တန်းလာနိုင်‌တာ‌ပေါ့”လို့ ကိုတရုတ်‌‌လေးက‌ပြောပါတယ်။

လက်‌ရှိမှာ‌ အမျိုးသမီးယာဉ်‌‌မောင်းသူ ၃၀ဦးကိုခန့်‌ထားဖို့‌အတွက်‌ ‌လျောက်‌လွှာတွေလက်‌ခံ‌နေပြီဖြစ်ပါတယ်။လျှောက်ထားလိုသူတွေအနေနဲ့ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊မှတ်ပုံတင်၊သန်းခေါင်စာရင်း၊လိုင်စင် မိတ္တူ ၃ စုံ၊တစ်ပတ် အတွင်း ရပ်ကွက်နေထိုင်ကြောင်းနဲ့ ရဲစခန်း ပြစ်မူကင်းရှင်းကြောင်း ထောက်ခံစာ မူရင်း စတဲ့စာရွက်စာတမ်းတွေနဲ့အတူ အမှတ်၂၄၅ ၊ တော်ဝင်လမ်း ၊ ၇ ရပ်ကွက် ၊ ရွေပြည်သာမြို့နယ် ၊ ရွေပြည်သာဆေးရုံကြီးအနီး ၊ ဖုန်း ၀၉ ၄၅၆၀၆၀၀၆၉ ကိုလာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

သီဟ

Photo- Power 11

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*