၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ၆မှု တွင် NLDက ၄မှု ၊ ပြည်ခိုင်ဖြိုးက၁မှု အသီးသီး အနိုင်ရထား

၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ၆မှု တွင် NLDက ၄မှု ၊ ပြည်ခိုင်ဖြိုးက၁မှု အသီးသီး အနိုင်ရထား
September 26, 2017 Fame Asian

2:38 pm
၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲကန့် ကွက်လွှာ၆မှု တွင် NLDက ၄မှု ၊ ပြည်ခိုင်ဖြိုးက၁မှု အသီးသီး အနိုင်ရထား

21766331_1570495906346019_6307095699022427820_n

ရန်ကုန် ၊ စက်တင်ဘာ ၂၆

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတုန်းက အပြန်အလှန်ကန့် ကွက်လွှာတွေတင်ခဲ့ကြတဲ့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ ရဲ့ ကန့် ကွက်လွှာ ၆ မှုမှာ ၅ မှုကို စစ်ဆေးပြီးစီးခဲ့ပြီး NLD ပါတီက ၄ မှု ၊ ပြည်ခိုင်ဖြိုးပါတီက ၁ မှုအနိုင်ရရှိထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့တဲ့ အမှုဟာ ကျိုင်းတုံမြို့ နယ်မဲဆန္ဒနယ် ၂ ကအမှုဖြစ်ပါတယ်။ဒီအမှုကတော့ NLD ပါတီမှ ဒေါက်တာဝဏ္ဏစိုးက ယှဉ်ပြိုင်ဘက် အနိုင်ရကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးရှာမွေလရှဲန်ကို တိုင်ကြားတဲ့အမှုပါ။ဦးရှဲမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ ဒေါက်တာဝဏ္ဏစိုးကို တန်ပြန်တိုင်ကြားခဲ့ပါတယ်။

NLDကတိုင်ကြားတဲ့အမှု တစ်မှုသာရှိတဲ့အထဲမှာအဲဒီတစ်မှုကိုNLD ကရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီတစ်မှုကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ၁၉ နေရာဝင်ပြိုင်ပြီး ၂ နေရာ အနိုင်ရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး NLD ပါတီမှ ဒေါက်တာဝဏ္ဏစိုးက ပြင်ဆင်မှုထပ်တင်မယ်လို့ သိရပါတယ်။” ၂၂ ရက်နေ့ ကဆုံးဖြတ်သွားတဲ့ဥစ္စာကိုတော့ ဒေါက်တာဝဏစိုးဘက်က အယူခံတက်မယ်လို့ ကြားပါတယ်။ငွေသွင်းချလံတွေတော့ ယူသွားတာပဲ ။အခုထိတော့လာမတင်သေးဘူး” လို့ ရွေးကောက်ပွဲခုံရုံးရဲ့ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ ကပြောပါတယ်။

ဒါပေမယ့် ကျိုင်းတုံမြို့ နယ် ကန့် ကွက်လွှာအမှုက NLD ပါတီမှ ဒေါက်တာဝဏစိုးကတော့ ပြင်ဆင်မှုထပ်တင်မယ်လို့ သိရတယ်လို့ ဦးစိုင်းကျော်ညွှန့် ကပြောပါတယ်။” ၂၂ ရက်နေ့ က ဆုံးဖြတ်သွားတဲ့ဥစ္စာကိုတော့ ဒေါက်တာဝဏစိုးဘက်က အယူခံတက်မယ်လို့ ကြားပါတယ်။ငွေသွင်းချလံတွေတော့ ယူသွားတာပဲ ။အခုထိတော့လာမတင်သေးဘူး” လို့ သူကပြောပါတယ်။

အခြားကျန် ၅ မှုထဲက ၄ မှုဖြစ်တဲ့ ကော့မှူး၊ လှိုင်သာယာ၊ ဒဂုံမြို့ သစ်(အရှေ့ ) ၊ညောင်ရွှေမြို့ တို့က အမှုတွေမှာတော့ NLD ပါတီအနိုင်ရခဲ့ပါတယ်။

” ပြဌာန်းထားတဲ့အချက်တွေရှိတယ် အဲဒီအချက်တွေမှာ ဘယ်အချက်တွေညှိစွန်းတယ်ဆိုတာကို တိုင်တာပေါ့ ရေးထားတဲ့အချက်တွေကတော့ အများကြီးဖြစ်တာပေါ့ အဲဒီထဲကမှ အဓိကညှိစွန်းနိုင်လောက်တဲ့အချက်တွေကို ထုတ်လိုက်တယ် နှစ်ဖက်သက်သေကို ကျူးလွန်သလားဆိုတာစစ်တယ် တစ်ခုမှမညှိစွန်းဘူးဆိုရင်တော့ သူ့ ကန့် ကွက်လွှာကို ပယ်လိုက်တာပေါ့ ။ အဲဒီလိုမျိုးတွေကြီးပဲအခုပြီးခဲ့တဲ့အမှုတွေက ” လို့  ဦးစိုင်းကျော်သူ ကပြောပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ မုံရွာကကန့် ကွက်လွှာတစ်မှုကိုတော့ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ မှာအပြီးသတ်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲခုံရုံးရဲ့ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပြောပါတယ်။

ဒီအမှုကတော့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဝင်းမြင့်အောင်က အနိုင်ရသွားတဲ့ NLD မှ ဦးညွှန့် အောင် ကိုတိုင်ကြားထားတဲ့အမှုဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲက ကန့် ကွက်လွှာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ကနေစတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ကန့် ကွက်လွှာ ၆ မှုစလုံးကိုဆိုရင် အချိန် ၃လနဲ့ ၁၆ ရက်ယူခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအမှုတွေကို စစ်ဆေးဖို့ ခုံရုံးအဖွဲ့ ၂ ဖွဲ့ ဖွဲ့ စည်းခဲ့ပါတယ်။ ကော့မှူး၊ ဒဂုံမြို့ သစ်(အရှေ့ )နဲ့  လှိုင်သာယာမြို့ နယ်တို့ က ကန့် ကွက်လွှာအမှုတွေကို ရုံးချိန်း၎ ခုလောက်နဲ့ ပြီးသွားခဲ့ပေမယ့် ညောင်ရွှေ၊ကျိုင်းတုံနဲ့ မုံရွာတို့ က အမှုတွေကတော့ အနည်းဆုံး ရုံးချိန်း ၁၀ ချိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲခုံရုံးသိရပါတယ်။

ရွေးကောက်ပွဲကန့် ကွက်လွှာအမှုတွေစစ်ပြီးရင်တော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေတွေကို ပြင်ဆင်မှုတွေဆက်လုပ်သွားမယ်လို့ ဦးစိုင်းကျော်သူ က ပြောပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ က ကျင်းပခဲ့ပါတယ်။လွှတ်တော် ၃ရပ်မှာ လစ်လပ်နေခဲ့တဲ့ နေရာ ၁၉ နေရာကို တစ်နိုင်ငံလုံးက မြို့ နယ် ၂၂ မြို့ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ စုစုပေါင်း၉၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ- UEC

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*