September 25, 2017
4:49 pm
4:49 pm
ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းရဲ့အမှုကို ယနေ့စစ်ဆေး
ရန်ကုန် ၊ စက်တင်ဘာ ၂၅
အဂတိ လိုက်စားမှုနဲ့  တရားစွဲဆို ခံထားရတဲ့ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချို အပါအ၀င် ငါးဦးတို့ ရဲ့အမှုကို စစ်ဆေးဖို့  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းက ရုံးထုတ်လာခဲ့ပါတယ်။ယခုရုံးထုတ်စစ်ဆေးမှုမှာလည်း တရားလို ဦးစိန်တင်ကို ယခင်အပတ်ကလိုပဲ စစ်ဆေးခဲ့ပါတယ်။
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးပြုံးချို၊ အပါအ၀င် ငါးဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ ဗဟန်းမြို့ မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၆/၆၃ တို့ နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဖြိုးထက်အောင်