မုဒုံမြို့ရှိ ကန်ကြီးရေကန်တွင် သံဃာတစ်ပါး ရေနစ်ပျံလွန်တော်မူ

မုဒုံမြို့ရှိ ကန်ကြီးရေကန်တွင် သံဃာတစ်ပါး ရေနစ်ပျံလွန်တော်မူ
September 25, 2017 Fame Asian

4:55 pm
မုဒုံမြို့ရှိ ကန်ကြီးရေကန်တွင် သံဃာတစ်ပါး ရေနစ်ပျံလွန်တော်မူ

21761526_1961837690736468_2595962295950381725_n

မော်လမြိုင် ၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် ၊ မုဒုံမြို့ရှိ ကန်ကြီးရေကန်တွင် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က သံဃာတော်တစ်ပါး ရေနစ်ပျံလွန်တော်မူသွားကြောင်း မုဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

ရေနစ်ပျံလွန်တော်မူသွားသည့် သံဃာတော်၏ ဘွဲ့အမည်မှာ ဥူးကုသလ ဖြစ်ပြီး အမှတ်(၄)ရပ်ကွက် အောင်အေးကျောင်းတိုက်မှာ သီတင်းသုံးကြောင်း သိရသည်။

မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က “ အဲဒီကိုယ်တော်က အရင်ကလည်း လေဖြတ်ဖူးတယ်။ တီဘီရောဂါလည်း ရှိနေတယ်။ ကျန်းမာရေးလည်း မကောင်းဘူး။ ရုပ်အလောင်းကို တွေ့တဲ့နေရာမှာတော့ ရေချိုးဆိပ်မှာ တိုင်ကိုဖတ်ပြီး သေဆုံးနေတာ ” ဟု ပြောသည်။

ပျံလွန်တော်မူသွားသည့် သံဃာတော်မှာ သက်တော် (၆၇)နှစ် ၊ ၀ါတော်(၅)၀ါရှိကြောင်း ၊ ယင်းဖြစ်စဉ်အတွက် သေမှုသေခင်းဖွင့်ထားပြီး ယင်းသို့ သေဆုံးခြင်း ဟုတ်မဟုတ် မုဒုံပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း မုဒုံမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ ကန်ကြီးစေတီတော်မှာ ပြည်တွင်းဘုရားဖူးများဖြင့် စည်းကားလေ့ရှိပြီး စေတီအနီးရှိ ကန်ကြီးရေကန်တွင်လည်း ရေကစားကြသူများ နှစ်စဉ်နှစ်တိုင်း ရေနစ်သေဆုံးလေ့ရှိကြောင်း သိရသည်။

သတင်း=ချမ်းလေး(အိုင်တီ)
ဓာတ်ပုံ= Alin Yaung

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*