မင်းလှမြို့နယ် တရားသူကြီး ကားက အမြန်လမ်းပေါ် လမ်းဖြတ်ကူးသူကို တိုက်

မင်းလှမြို့နယ် တရားသူကြီး ကားက အမြန်လမ်းပေါ် လမ်းဖြတ်ကူးသူကို တိုက်
September 25, 2017 Asian Fame

12:41 pm
မင်းလှမြို့နယ် တရားသူကြီး ကားက အမြန်လမ်းပေါ် လမ်းဖြတ်ကူးသူကို တိုက်

(နေပြည်တော် ၊ စက်တင်ဘာ ၂၅)

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း မင်းလှမြို့နယ်ရဲ့တရားသူကြီးမောင်းလာတဲ့ကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်း ပေါ်မှာ လမ်းဖြတ်ကူးသူတစ်ဦးကို တိုက်မိပြီး လမ်းဖြတ်ကူးသူပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၂/၀ နဲ့ ၃၃၂/၁ အကြား မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ တရားသူကြီးရဲ့ကားအနည်းငယ်ပျက်စီးခဲ့ပြီး လမ်းဖြတ်ကူးသူကတော့ အခင်းဖြစ်နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စကားအင်းအမြန်လမ်းရဲစခန်းရဲ့ တာဝန်ကျဒုရဲအုပ်တစ်ဦးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အမြန်လမ်းပေါ်မှာ လူ၊ ဆိုင်ကယ် ၊ နွားလည်းတက်လျှောက်မောင်းနှင်ခွင့်မရှိတာကြောင့် သေဆုံးသွားတဲ့လမ်းဖြတ်ကူးသူကို အမြန်လမ်းဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားတယ်လို့ အဆိုပါဒုရဲအုပ်ကဆိုပါတယ်။

“အမြန်လမ်းပေါ်လမ်းတက်လျှောက်လို့မရပါဘူး။ အမြန်လမ်းဥပဒေအရ မှားတဲ့သူကိုအမှုဖွင့်တာပါ။ တရားသူကြီးကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ကားတော့ပျက်စီးသွားတယ်” လို့ သူကဆိုပါတယ်။

အဆိုပါတရားသူကြီးဟာ မင်းလှမြို့ကနေ မန္တလေးမြို့ကိုအသွားမှာ အခုဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*