နယ်စပ်ခြံစည်းရိုး ခတ်ဖို့ လမ်းအရင်ဖောက်မယ်

နယ်စပ်ခြံစည်းရိုး ခတ်ဖို့ လမ်းအရင်ဖောက်မယ်
September 25, 2017 Fame Asian

5:59 pm
နယ်စပ်ခြံစည်းရိုး ခတ်ဖို့ လမ်းအရင်ဖောက်မယ်

22007513_1569717526423857_5578024447808140667_n

ရန်ကုန် ၊ စက်တင်ဘာ ၂၆

နယ်စပ်ခြံစည်းရိုး ခတ်ဖို့ကျန်ရှိနေသေးတဲ့ မိုင် ၄၀ ကိုခတ်ဖို့မှာ လမ်းမရှိသေးတာကြောင့် လမ်းကို အရင်ဖောက်ဖို့ အတွက် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေးကော်မတီမှ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာနေကြတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနက ပြောပါတယ်။

“ဒီကျန်တဲ့ ခြံစည်းရိုးခတ်ဖို့က ကားတွေမပြောနဲ့ ၊ လူတွေတောင်သွားဖို့ ခက်ခဲတယ် တောင်တက်ကျွမ်းကျင်တဲ့သူတွေလောက်ပဲ သွားနိုင်တယ် ၊ ဒါကြောင့် လမ်းအရင်ဖောက်ဖို့ ကော်မတီက လူကြီးတွေ နယ်မြေကွင်းဆင်းပြီးတော့ လေ့လာနေပါပြီ”လို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောပါတယ်။

ဒီကျန်ရှိတဲ့ မိုင် ၄၀ဟာ မေယုတောင်တန်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ခြံစည်းရိုးလည်း ဖြစ်တယ်လို့ ၎င်းရဲ့ ပြောကြားချက်အရသိရပါတယ်။

နယ်စပ်ခြံစည်းရိုးဟာ မိုင် ၂၀၀ကျော်ကျော်လောက်ရှိပြီး မိုင် ၁၆၀လောက်ကို ခတ်ပြီးပြီဖြစ်ကာ နယ်စပ်ခြံစည်းရိုးခတ်တဲ့လုပ်ငန်းကို ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်လောက်က စတင်ခတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ဒီခြံစည်းရိုးကို ပြီးခဲ့တဲ့ ၂၀၀၈၊ ၂၀၀၉က စခတ်တယ် ရန်ပုံငွေရရှိဖို့ ပြည်ထဲရေးက ဘတ်ဂျက်တောင်းပြီးတော့ လုပ်ခဲ့တာပေါ့”လို့ သူကပြောပါတယ်။

ဒီရရှိလာတဲ့ ဘတ်ဂျက်ကနေ နယ်စပ်ခြံစည်းရိုးမိုင်၁၆၀ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး (ကကယ)က တာဝန်ယူကာ ခြံစည်းရိုးတံတိုင်းခတ်ခဲ့တာလို့ ဦးစိုင်းထွန်းညိုက ပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*