မိုးမိတ်မှာ ရဲကင်းမှူးကိုဓါးနဲ့ခုတ်ပြီး သေနတ်လုထွက်ပြေးသွားတဲ့ သားအဖ ၂ယောက်ထဲက တစ်ယောက်ကိုမိပြီ

မိုးမိတ်မှာ ရဲကင်းမှူးကိုဓါးနဲ့ခုတ်ပြီး သေနတ်လုထွက်ပြေးသွားတဲ့ သားအဖ ၂ယောက်ထဲက တစ်ယောက်ကိုမိပြီ
September 22, 2017 Fame Asian

6:04 pm
မိုးမိတ်မှာ ရဲကင်းမှူးကိုဓါးနဲ့ခုတ်ပြီး သေနတ်လုထွက်ပြေးသွားတဲ့ သားအဖ ၂ယောက်ထဲက တစ်ယောက်ကိုမိပြီ

21765074_1960487510871486_904604207762582935_n

ပြင်‌ဦးလွင်‌၊စက်‌တင်‌ဘာ ၂၂

စက်တင်ဘာ ၂၀ ရက်နေ့က ရှမ်းပြည်‌နယ်‌၊မိုးမိတ်‌မြို့ နယ်‌‌ ‌ကျောက်‌‌မောကရဲကင်းစခန်းရဲ့ရဲကင်းမှူးတစ်‌ဦးကိုဓားဖြင့်‌ခုတ်‌ပြီး သေနတ်‌လုယူထွက်‌‌ပြေး‌သွား‌တဲ့ တရားခံ‌ပြေးကို ၃ ရက်အကြာ ပြင်‌ဦးလွင်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့သည်‌။

မိုးမိတ်မြို့နယ် ဘော်ဒေးကျေးရွာ ၊ အောင်ရတနာဆီပန့်ဆိုင်အနားရှိ နွား ၅ကောင်နဘေးနားမှာရပ်နေတဲ့ အသက်၂၈ နှစ်အရွယ် မောင်မွတ်(ခ)လင်းထိုက်ဦး ဆိုသူနဲ့ သူ့ရဲ့ဖခင် ဦးကြည်ငွေ တို့ကိုမင်္သကာလို့ ရဲကင်းမှူးဒုရဲအုပ်က ခေါ်ယူစစ်ဆေးရာ အစစ်ဆေးမခံဘဲအသင့်ပါလာတဲ့ဓါးနဲ့ပြန်ခုတ်ကြောင်း ၊ ရဲက ခြောက်လုံးပြူသေနတ်နဲ့ပြန်လည်ပစ်ခတ်ခဲ့ရာ မောင်မွတ် ရဲ့ ယာဘက်ရင်အုံကို ကျည်ထိမှန်ခဲ့ကြောင်း ၊ ယင်းနောက် ရဲကင်းမှူးကို ဓါးနဲ့ထပ်မံဝင်ခုတ်ပြီး မောင်မွတ်နဲ့သူ့ရဲ့ဖခင်ဖြစ်သူဟာ သေနတ် လုယူထွက်ပြေးသွားတယ်လို့ မိုးမိတ်မြို့နယ်ရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ထွက်ပြေးသွားတဲ့ တရားခံ ၂ ဦးထဲက မောင်မွတ်နဲ့ ပတ်သတ်ပြီးသတင်းရလို့ မိုးမိတ်- ပြင်ဦးလွင်လမ်းပိုင်း မိုးကြိုးပစ် ရဲကင်းဂိတ်မှာ ပိတ်ဆို့ ဖမ်းဆီးရာ မောင်မွတ်ကို ယာဘက်ရင်အုံသေနတ်မှန်ဒဏ်ရာနဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့ မိုးမိတ်ရဲစခန်းကဆိုပါတယ်။

“မောင်မွတ်နဲ့အတူပါတဲ့ တစ်ယောက်ကိုတော့ ရှာဖွေနေတုန်းပဲ ။ မမိသေးဘူး ။ မောင်မွတ်ကိုတော့ မိုးကုတ်‌နဲ့ ပြင်ဦးလွင် ‌ပြေးဆွဲ‌နေ‌တဲ့ ကား‌ပေါ်မှာမိတယ်‌။သူ့ယာဘက်‌ရင်‌အုံမှာ ‌သေနတ်‌ဒဏ်‌ရာ‌တွေ့လို့ စစ်‌‌မေးကာမှ တရားခံ‌ပြေးမှန်းသိတာပါ”လို့ ပြင်ဦးလွင်ရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဓါးနဲ့ခုတ်ခံရတဲ့ ရဲကင်းမှူးကတော့ ဦးခေါင်းဝဲဘက်ဂျိုစောင်း ၂ လက်မခန့် ပြတ်ရှဒဏ်ရာ ၃ ချက် ၊ ယာဘက်ဂျိုစောင်း ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက် ၊ ယာဘက်နားပြတ်ရှဒဏ်ရာ ၁ ချက် ၊ ၀ဲဘက်လက်ခလယ် ပြတ်ရှဒဏ်ရာ ၁ ချက် ၊ ယာလက်ဖ၀ါး ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် ၊ ၀ဲဘက်ဂျိုစောင်းအောက် ပြတ်ရှဒဏ်ရာ ၃ချက် တို့နဲ့ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ ရဲက ဆိုပါတယ်။

မောင်မွတ်လည်း လက်ရှိ ပြင်ဦးလွင်ဆေးရုံကြီးမှာ သေနတ်မှန်ဒဏ်ရာအတွက်တက်ရောက်ဆေးကုသနေတယ်လို့သိရပါတယ်။

မောင်မွတ်ကို စစ်ဆေးရာမှာ လုယူသွားတဲ့ခြောက်လုံးပြူးသေနတ်ဖွက်ထားရာနေရာကိုပါသိရှိခဲ့ရပြီး ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း
လက်‌ရှိတွင်‌ မိုးမိတ်မြို့မရဲစခန်းက မောင်မွတ်နဲ့ သူ့ရဲ့ဖခင် ဖြစ်သူကို (ပ)၁၆၆/၂၀၁၇ လက်နက် ၂(၁)(က) (ပ)၁၆၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ နဲ့ အမှုဖွင့် အ‌ရေးယူထားတယ်လို့သိရပါတယ်။

ကျန်‌ရှိ‌နေ‌သေး‌တဲ့ တရားခံ‌ပြေးတစ်‌ဦးကို ဖမ်းဆီးရရှိနိုင်ဖို့လည်း နယ်‌‌မြေရဲစခန်းတွေကို သတင်း‌ပေးပို့ ရှာ‌ဖွေလျက်‌ရှိ‌တယ်လို့ ရဲကဆိုပါတယ်။

YL / TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*