နယ်စပ် စည်းရိုးကာဖို့ ငွေသိန်း ၁သောင်းကျော် လှုဒါန်းလိုက်တဲ့ ဧရာဝတီဖောင်ဒေးရှင်း

နယ်စပ် စည်းရိုးကာဖို့ ငွေသိန်း ၁သောင်းကျော် လှုဒါန်းလိုက်တဲ့ ဧရာဝတီဖောင်ဒေးရှင်း
September 22, 2017 Asian Fame

2:30 pm
နယ်စပ် စည်းရိုးကာဖို့ ငွေသိန်း ၁သောင်းကျော် လှုဒါန်းလိုက်တဲ့ ဧရာဝတီဖောင်ဒေးရှင်း

Irrawaddy(ရန်ကုန်၊စက်တင်ဘာ၂၂)

ရခိုင်ပြည်နယ်မှာ နယ်စပ်စည်းရိုးကာရန် ငွေသိန်း၁သောင်းကျော်ကို ဦးဇော်ဇော်ဦးဆောင်တဲ့ ဧရာဝတီဖောင်ဒေးရှင်းက မနေ့က ထည့်ဝင်လှုဒါန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လှုဒါန်းငွေကိုပေးအပ်ခဲ့တာဖြစ်ပြီး၊အဲဒီငွေက နယ်စပ်စည်း ၂မိုင်စာအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးအုန်းကျော် က ”တိုင်းရင်းသားတွေ ကိုယ့်လူမျိုးတွေလုံခြုံရေးရရှိဖို့ နယ်စပ်ခြံစည်းရိုးလှူတာဖြစ်တယ် ” လို့ Popular News ကို ပြောပါတယ်။

အန်ကယ်တို့ ဧရာဝတီဖောင်ဒေးရှင်းက အရင်က ကျန်းမာရေး ၊ပညာရေးတွေမှာလည်း အဘက်ဘက်က ကိုယ့်လူမျိုးတွေအတွက်လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း ဦးအုံးကျော်က ဆက်ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းထုတ်ပြန်ချက်ထဲတွင် ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ်ခြံစည်းရိုး ၂ မိုင် ကာရံခြင်းအတွက် ငွေကျပ်၁၂၆၇၆ သိန်းကို လှုဒါန်းသည်ဟု ဖော်ပြထားပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းနည်းတူ အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှလည်း သိန်း ၂၀၀၀ ကိုလှုဒါန်းခဲ့သလို အခြားသော ဖေါင်ဒေးရှင်းများနှင့်အလှုရှင်များ၊အဖွဲ့အစည်းတို့ကလည်း ထည့်ဝင်လှုဒါန်းခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*