ဆင်းရဲနွမ်းပါးသူ လူဦးရေ ခုနှစ်သန်းအထိ အကူညီပေးနိုင်ရန် လူထုဗဟိုပြုစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေ

ဆင်းရဲနွမ်းပါးသူ လူဦးရေ ခုနှစ်သန်းအထိ အကူညီပေးနိုင်ရန် လူထုဗဟိုပြုစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေ
September 22, 2017 Fame Asian

9:41 am
ဆင်းရဲနွမ်းပါးသူ လူဦးရေ ခုနှစ်သန်းအထိ အကူညီပေးနိုင်ရန် လူထုဗဟိုပြုစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေ

aung

ရန်ကုန် စက်တင်ဘာ ၂၂

လူထုဗဟိုပြုစီမံကိန်းကို စတင်အကောင်အထည်ဖော်ချိန်ကစပြီး ယခုနှစ်အထိ ကျေးလက်နေသူဦးရေ (၅)သန်းကျော်ကို အကူညီပေးနိုင်ခဲ့ပြီး လာမည့်နှစ်တွင် လူဦးရေ ခုနှစ်သန်းအထိ အကူညီပေးနိုင်ရန် ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

ယမန်နေ့နံနက်က နေပြည်တော် MICC(2)ခန်းမတွင်ကျင်းပပြုလုပ်သော လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် နှစ်ပတ် လည် ပြည်ထောင်စု အဆင့် သက်ဆိုင်သူတိုင်းပါဝင်သော သုံးသပ်ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက “စီမံကိန်း လေးနှစ်တာအတွင်း ကျေးရွာပေါင်း ၈၅၆၅ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခုကို အရည်အသွေး ပြည့်မီစွာနဲ့  လူထု အကျိုး အတွက် အကောင်အထည် ဖော်ပေးနိုင်ခဲ့လို့  ဖွံ့ ဖြိုးရေး အသီးအပွင့်တွေကို ကျေးလက် လူဦးရေ ၅ ဒသမ ၂ သန်းတို့ က ရရှိခံစားနေနိုင်ပြီ ဖြစ်ပါ တယ်”ဟု ထည့်သွင်းပြောဆိုခဲ့သည်။

၎င်းစီမံကိန်း၏အကျိုးဆက်အဖြစ်ဒေသခံ ကျွမ်းကျင်ပညာရှင်များနှင့်ဘွဲ့ရပညာတတ်လူငယ်များကို အလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့ပြီး ပဋ္ဋိပက္ခဖြစ်ပွားနေသည့် မြို့နယ်များကိုပါ ဂရုတစိုက်ချဉ်းကပ်ဆောင်ရွက်နေကြောင်းသိရသည်။

ယခုစီမံကိန်းကို လာမည့်နှစ်တွင်ဖွံ့ဖြိုးမှုနိမ့်ကျနေသည့်မြို့နယ်(၁၆)ခုအထိထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး လူဦးရေစုစုပေါင်း ခုနှစ်သန်းအထိ အကူညီပေးနိုင်ရန်ရည်ရွယ်ဆောင်ရွက်လျှက်ရှိနေသည်။

စီမံကိန်းအတွက် အစိုးရရံပုံငွေအပါအဝင် ကမ္ဘာဘဏ်နှင့်အီတလီအစိုးရတို့မှနှစ်ရှည်ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ(၅၄၆)သန်းခန့် ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*