ရန်ကုန်မှာ မျဉ်းဝါတားကားပါကင်တွေလုပ်ပြီး အခကြေးငွေပေး ကားရပ်ဖို့လုပ်တော့မယ်

ရန်ကုန်မှာ မျဉ်းဝါတားကားပါကင်တွေလုပ်ပြီး အခကြေးငွေပေး ကားရပ်ဖို့လုပ်တော့မယ်
September 21, 2017 Fame Asian

3:40 pm
ရန်ကုန်မှာ မျဉ်းဝါတားကားပါကင်တွေလုပ်ပြီး အခကြေးငွေပေး ကားရပ်ဖို့လုပ်တော့မယ်

1

ရန်ကုန် ၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး Down Town (၆)မြို့ နယ်အတွင်းမှာ ကားရပ်နားဖို့ မျဉ်းဝါတားပါကင်နေရာတွေလုပ်ပြီး အခကြေးငွေကောက်ခံပြီး ရပ်နားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မနေ့ က လွှတ်တော်မှာပြောပါတယ်။

အဆိုပါ မျဉ်းဝါတားကားပါကင်နေရာမှ ရတဲ့အခကြေးငွေတွေကို ယာဉ်ထိန်းများအတွက်နဲ့ အခြားကိစ္စများအတွက်ပြန်လည်အသုံးပြုသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

မနေ့ က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ပဉ္စမပုံမှန်အစည်းအဝေးရဲ့ (၇)ရက်မြောက်နေ့ မှာ ပန်းပဲတန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ”ရန်ကုန်တိုင်းဒေသကြီး Down Town (၆)မြို့ နယ်အတွင်းရှိ မော်တော်ယာဉ်များ
စနစ်တကျ ရပ်နားနိုင်ဖို့ သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းပြီး မျဉ်းဝါတားပါကင်နေရာများ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိ” မေးမြန်းခဲ့ရာမှာ မြို့ တော်ဝန်ကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

”လက်ရှိအခြေအနေမှာ ကားပါကင်နဲ့ ပတ်သတ်ပြီး ၀န်ဆောင်ခကို ကျွန်တော်တို့ က မယူတဲ့အတွက်ကြောင့် သူတို့ ရဲ့ နီးစပ်ရာ ဥပဒေမဲ့ စည်းကမ်းမဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ လိုအပ်သလို ကားပါကင်ထားတာတွေ့ နေရပါတယ်။ဒါတွေကို လည်းစနစ်တကျ ကားပါကင်တွေအ
တွက်ကိုထားပြီးတော့ ကားရပ်နားခွင့်အတွက်လည်း ကောက်ခံဖို့ အတွက်အစီအစဉ်ရှိပါတယ်။ဒီဟာက ၀င်ငွေအလေလွင့်ဆုံးရှုံးမှုဖြစ်ပါတယ်။

ဒါတွေအတွက် ပြန်ပြီးတော့ ယာဉ်ထိန်းတွေရော ပြီးတော့ တစ်ခြား ကိစ္စအတွက်တော့ ပြန်လည်ပြီးတော့ ဖြည့်ဆည်းနိုင်မယ့်အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့် မျဉ်းဝါတားကားပါကင်တွေလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးကတော့ ရန်ကုန်မြို့ မှာ ယာဉ်ရပ်နားမှုဟာ နေ့ စဉ်နဲ့ အမြဲပြသနာဖြေရှင်းနေရပြီးတော့ကြုံရင်ကြုံသလိုနေရာဦးမှုတွေနဲ ကိုယ်ချင်းစာတရား၊ သည်းခံမှုတွေနည်းပါးလာတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံဟာ လက်ယျာကပ်မောင်းစနစ်ဖြစ်တဲ့အတွက် ယာဉ်တွေကို စနစ်တကျရပ်နားနိုင်ဖို့ မျဉ်းပါတားကားပါကင်အမှတ်အသားတွေကို လက်ယာခြမ်းမှာမှတ်သားပြီး ဆောင်ရွက်ပေးရင် ကောင်းမွန်တဲ့ဖြေရှင်းနည်းဖြစ်မယ်လို့ သူကအကြံပြုပါတယ်။

”ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အမှုအခင်းတွေပါ ကြုံလာရတာဖြစ်ပါတယ်။ပြီးတော့ ကုန်တင်နာကားကြီးတွေဟာ ဈေးဆိုင်လိုပဲ ကျောက်ချပြီးတော့ ထားတာတွေဟာ ယာဉ်ကျောပိတ်ဆို့ မှုနဲ့ ကားသွားလာရခက်ခဲမှုတွေကိုဖြစ်စေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ 
စီစစ်ပြီး အရေးယူသင့်ပါတယ်” လို့ ဦးသန်းနိုင်ဦးကပြောပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးကတော့ ကားပါကင်ပြသနာဟာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီးတော့ လိုအပ်တဲ့ဆေးဆွဲခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ တစ်ချို့ နေရာတွေမှာ ရာသီဥတုအခြေအနေအရ ဆောင်ရွက်မှုနှေးကွေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*